Ch40

56 2 0
                                    

ရှီမင်းရှန် တို့ညစာစားရန်အောက်ထပ်ဆင်းသွားချိန်သူ၏အဒေါ်များနှင့်ဝမ်းကွဲများပြန်သွားကြပြီဖြစ်သည်။
သူ၏အကိုရှီမင်းဖန်မိသားစုသည်လဲမရှိတော့ပေ။အိမ်တော်ထိန်းပြောလာသည်မှာသူ၏အကိုသည်အိမ်ခဏပြန်ကာနောက်၃ရက်အတွင်းပြန်လာမည်ဟုပြောသွားလေသည်။
ထို့ကြောင့်သူခေါင်းညှိပ်ကာညစာစားရန်သာလုပ်တော့သည်။

သူတို့ညစာစားပြီးကိုယ်စီအိပ်ရာဝင်ကြလေသည်။
ချင်းချင်သည်လီဝမ်နှင့်အတူတူအိပ်တာဖြစ်​လေရာချင်းချင်သည်အအိပ်ကြမ်းသည်။

တစ်ခါတစ်လေသူမ၏ခြေထောက်သည်လီဝမ်အပေါ်ပြစ်ပြစ်တင်လေ့ရှိရာတစ်ခါတစ်ရံအသက်ရူကျပ်ရလောက်အောင်ဖက်တတ်သည်။လီဝမ်းမှာမူတစ်ညလုံးအိပ်မရပေ။မိုးလင်းခါနီးအချိန်မှသာသူအိပ်ပျော်တော့သည်။

ဝမ်ချင်းရီသည်သူမ၏သမီးထိုကဲ့သို့လုပ်ချင်းကိုမ​ကြိုက်ပေ။အခုဟာက ကလေးနှစ်ယောက်လုံးသည်ငယ်သေးသည်။အရွယ်ရောက်လာသောအခါသူတို့ထံတွင်ကိုယ်စီပိုင်ရှင်ရှိခဲ့လျှင်ထိုကဲ့သို့အတူတူအိပ်ချင်းကိုမရပေ။ထို့ကြောင့်သူမသည်ခင်ပွန်းဖြစ်သူအားအဘယ်ကြောင့်သဘောတူလိုက်ရသနည်းဟုမေးနေသည်။
သူမထိုကဲ့သို့ပြောသောအခါသူမခင်ပွန်းမှာကလေးနှစ်ယောက်သည်ငယ်သေးသောကြောင့်သာသူခွင့်ပြုထားသည်ဟုပြန်ပြောလာလေသည်။

အတူတူအိပ်ချင်း၏အကျိုးဆက်အနေဖြင့်နှစ်ယောက်စလုံးဖျားကုန်ကြသည်။
သူတို့အထုတ်အပိုးပြင်ဆင်ပြီးကာ ပြန်သည့်လမ်းတွင်ဆေးရုံဝင်ပြရလေသည်။
သူတို့အိမ်သို့ပြန်ရောက်သောအခါမစောတော့ပေ။ညစာအတွက်မှာစားကျလေသည်။နာရေးသွားနေသည့်၄ရက်အတွင်းဆိုင်သည်ပိတ်ထားကာဝန်ထမ်းများကို အားလပ်ရက်ပေးထားလေသည်။အိမ်သို့ပြန်ရောက်သောအခါပင်ပန်းနေ၍မချက်တော့ဘဲမှာစားကြလေသည်။
..................................................................................................................................
ကျောင်းပြန်ဖွင့်ရက်တွင်ထုံးစံအတိုင်းအတူတူကျောင်းသွားကြလေသည်။က​လေးနှစ်ယောက်ကျောင်းရောက်ချိန်သည်နောက်ကျနေလေသည်။
ချင်းချင်နှင့်လီဝမ်တို့တစ်ယောက်လဲတစ်ယောက်တွဲကာဝင်လာချိန်သူတို့အားမြင်သောထုံထုံတို့မှာမူအံသြကုန်ကျသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now