Ch23&24

47 1 0
                                    

Ch23

ရှီမင်းရှန် နှင့်ရှီမင်းဖန်တို့မီးဖိုချောင်ထဲသို့ဝင်လာသောအခါလူစုံတက်စုံရှိနေသည်ကိုတွေ့လိုက်ရလေသည်။

လီဝမ်သည်''ချင်းချင်ငါပြန်တော့မယ်ပြီးမှဆော့မယ်နော်''ဟုပြောကာပြန်လေသည်။
ချင်းချင်''အင်းစားပြီးရင်ငါလာခဲ့မယ်လေ''
သူတို့တွေအကုန်မနက်စာစားရန်လုပ်နေစဥ်တံခါး ဘဲလ်တီးကိုကြားလေသည်။

တီးတောင်တီးတောင်
ရှီမင်းရှန် သည်နေရာမှထကာသွားကြည့်လေသည်။
သူတံခါးဖွင့်ပြီးမြင်လိုက်သည်မှာချန်လီကျင့်ပင်ဖြစ်သည်။အခုတလောသူလောင်ချန်နှင့်စကားမပြောတာကြာမိသည်။လောင်ချန်သည်ထုတ်ကုန်အသစ်ထုတ်ရန်အလုပ်ရှုပ်နေသောကြောင့်ဖြစ်သည်။

ရှီမင်းရှန် ''သြော်..ဘယ်သူများလဲလို့လောင်ချန်ပါလားဝင်ခဲ့လေ''
ချန်လီကျင့်''မဝင်တော့ပါဘူးကွာငါမင်းကိုမှာစရာရှိလို့ငါအခုတလောမအားဘူးဖြစ်နေတယ်လောင်ရှီ၊အဲ့တာမင်းကိုအားနာနာနဲ့အကူညီတောင်းခြင်လို့ကွာ၊ငါ့မိန်းမကိုတစ်ချက်တစ်ချက်သွားကြည့်ပေးပါကွာ၊သူမက ကိုယ်ဝန်နဲ့ဆိုတော့လီဝမ်က ကလေးဆိုတော့သူ့အမေနားမနေနိုင်ဘူးဖြစ်နေတယ်၊အပန်းမကြီးမင်းမိန်းမဝမ်ချင်းရီငါ့ဇနီးဆီသွားကြည့်ပေးလို့ရမလား''ဟုအကူညီတောင်းခံသည့်ပုံစံဖြင့်ပြောလေသည်။
ရှီမင်းရှန် ''အာ...မင်းကလဲအပန်းမကြီးပါဘူးကွာ၊ရတာပေါ့ငါကူညီမှာပါ၊ငါ့မိန်းမကိုလဲသွားကြည့်ခိုင်းပါ့မယ်၊ဒါပေမယ့်ငါ့အကိုရောက်နေတော့ငါ့မိန်းမလဲမင်းမိန်းမနဲ့အချိန်မကုန်နိုင်သလိုဖြစ်နေတာပါကွာ၊ရတယ်ရတယ်စိတ်ချလက်ချသာအလုပ်သွား''ဟုတက်ကြွစွာပြန်ပြောလေသည်။

ချန်လီကျင့်သည်ကျေနပ်စွာဖြင့်ပြုံးလိုက်သည်။သူပြုံးလိုက်သောအခါသူ၏ပါးချိုင့်မှာပေါ်လာ​လေသည်။''အေးအေးငါညနေအလုပ်ကပြန်လာရင်ညစာအတူစားကြတာပေါ့၊ပြီးတော့မင်း သမီးလေးချင်းချင်ကိုလဲကျေးဇူတင်စရာရှိတယ်ကွ၊အလုပ်ကအပြီးသတ်ပြီး ပြီးပြီကွာ၊ဒါနဲ့ငါသွားတော့မယ်လောက်ရှီ''ဟုရှီမင်းရှန်ပခုံးကိုပုတ်ကာထွက်သွားလေသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now