ရှီမင်းရှန် တို့သားအဖသည်တစ်ယောက်ကိုတစ်ယောက်ဖက်ငိုနေကြသည်။
ချင်းချင်''ဖေဖေ...ဝူးးးဖေဖေကသမီးကိုမလိုချင်တော့လို့ထားခဲ့တာလားဟင်...သမီးလိမ်မာပါ့မယ်မထားခဲ့ပါနဲ့နော်၊သမီးသန့်စင်ခန်းကပြန်လာတော့ဖေဖေတို့မရှိတော့ဘူး၊သမီးကြောက်တယ်၊သမီးကြောက်သလိုဖိုးဖိုးလဲကြောက်နေမှာဘဲ''ဝူးးးးဝါးးဟုသူမ၏ဖခင်အားဖက်၍ငိုနေသည်။ရှီမင်းရှန်သည်သူ၏သမီးလေးသည်အလွန်ငယ်သည်။၁၀နှစ်အရွယ်သာရှိသေးသည်။ထို့ကြောင့်သူ့အမှားကိုသူမခွင့်လွတ်နိုင်ဖြစ်နေသည်။'ငါ့သမီးလေးကိုငါတစ်ယောက်ထဲထားခဲ့မိတယ်၊တကယ်လို့သမီးလေးသာတစ်ခုခုဖြစ်သွားရင်'ဟုတွေးကာသူ၏သမီးလေးအား''ဖေဖေတောင်းပန်ပါတယ်၊ချင်းချင်ကိုတစ်ယောက်ထဲချန်ထားခဲ့မိတဲ့အတွက်၊နောက်မဖြစ်စေရပါဘူးနော်ဖေဖေရဲ့ပေါင်ပေ့လေး''
(ပေါင်ပေ့=ကလေးလေး)ချန်လီကျင့်တို့သားအဖသည်မိုးမစိုမိစေရန်ထီးကိုဆောင်းပေးပါကားဆီပြန်လာကြသည်။
ရှီမင်းရှန်သည်သူ၏သမီးလေးကားရတနာလေးသဖွယ်ပွေ့ချီလာသည်။ချင်းချင်သည်လမ်းတစ်လျှောက်တွင်ငိုထားသဖြင့်ပင်ပန်းပြီးအိပ်ပျော်လာသည်။
စံအိမ်အဝတွင်ဝမ်ချင်းရီသည်ထီးတစ်ချောင်းနှင့်စောင့်နေလေသည်။သူမစိတ်ထဲတွင်'ကလေးအားမတွေ့လျှင်သူမရူးလိမ့်မည်၊ထိုချင်းချင်ကျန်ခဲ့သည့်ကိစ္စသည်သူမပေါ့ဆမှုကြောင့်ဖြစ်သည်။'ထို့ကြောင့်အိမ်တော်ထိန်းသူမအားအိမ်ထဲတွင်သာစောင့်နေရန်ပြောသော်လည်းသူမသည်ခြံထဲသို့ပြေးကာခြံအဝတွင်စောင့်နေသည်။ကားသည်စံအိမ်အတွင်သို့ရောက်လာသည်ကိုမြင်သောအခါမှသာသူမစိတ်လုံးလုံးချလိုက်တော့သည်။
ရှီမင်းရှန်သည်အိပ်ပျော်နေသောသမီးအားချီလျက်အိမ်တော်ထိန်းအား''ဆရာဝန်အမြန်ခေါ်ပါအခန်းကိုအနွေးဆုံးဖြစ်အောင်ပြင်ဆင်ထားပါ၊ပြီးတော့ဒီကိစ္စကိုဘယ်သူမှမသိပါစေနဲ့''ဟုပြောကာသူ၏သမီးအားချီလျက်အိမ်၏အနောက်ဘက်တံခါးမှတစ်ဆင့်ဝင်လာသည်။လူအသိမခံရခြင်းမှာအလုပ်ရှုပ်ကာသူ၏သမီးအားအပြစ်ပြောတဲ့သူရှိပါက ပြသနာက ပိုဆိုးမည်ဖြစ်သောကြောင့်ဖြစ်သည်။ဝမ်ချင်းသည်လည်းတိတ်တဆိတ်အနောက်တံခါးမှဝင်လာလေသည်။ချန်လီကျင့်သည်သူ၏ဇနီးထံအကျိုးအကြောင်းသွားပြောလေသည်။သို့သော်လီဝမ်မှာရှီမင်းရှန်နောက်သို့လိုက်သွားလေသည်။
ဆရာဝန်ရောက်လာသောအခါကလေးမှာဖျားနေသဖြင့်ဆေးပေးကာပြန်သွားလေသည်။အိမ်တော်ထိန်းသည်ရှီမင်းရှန်အားမတွေ့ရသည်မှာကြာပြီဖြစ်သည်။ရှီမင်းရှန်အားကစားတက္ကသိုလ်ရွေးချယ်လိုက်ပြီးသခင်ကြီးနှင့်ပြသနာဖြစ်ကာအိမ်ပေါ်ကဆင်းသွားကထဲကပင်ဖြစ်လေသည်။ယခုပြန်တွေ့သောသခင်လေးသည်အလွန်ပြောင်းလဲလာသည်။သို့သော်သူ၏သခင်လေးသည်ငယ်စဥ်ကထဲပင်မိခင်သည်သူ့အားမွေးပြီးမကြာမီဆုံးသွားသည်။သခင်ကြီးသည်လည်းအလွန်စည်းကမ်းကြီးသည်။ထို့ကြောင့်သားအဖနှစ်ယောက်သည်မတည့်ကြပေ။သို့သော်အကြီးဆုံးသခင်လေးသည်သခင်လေးနှင့်မတူပေ။အကြီးဆုံးသခင်လေးသည်သခင်ကြီးချမှတ်ထားသည့်စည်းကမ်းကိုလိုက်နာနိုင်သည်။
ထို့ကြောင့်သခင်ကြီးသည်သားငယ်အားသားကြီးနှင့်နှိုင်းယှဥ်တတ်သည်။ထိုအခါသားဖနှစ်ယောက်ရန်ဖြစ်ကြသည်။သို့သော်ယခုသခင်ကြီးဆုံးသောအခါသခင်လေး၏စိတ်တွင်နောင်တများရနေသည်ကိုမြင်နိုင်ပေသည်။voteပေးဖို့မမေ့ပါနဲ့နော်
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...