Ch46

98 0 0
                                    

လီဝမ်သည် ချင်းချင်၏လွယ်အိတ်အားမသယ်တော့ဘဲဒေါသကြီးစွာ သူ့အိမ်သို့ပြန်သွားလေသည်။

ချင်းချင်သည်လီဝမ်စိတ်ဆိုးနေသည်ကိုသူမသိသည်။
လီဝမ်သည်မှုံသုန်နေသောမျက်နှာဖြင့်အခန်းထဲသို့ဝင်လာလေသည်။

ချင်းချင်''လီ..ဝမ်...နင်လွယ်အိတ်ရှာမတွေ့ဘူးလာ..အင်းငါစာကြည့်စာပွဲပေါ်မှာတင်ခဲ့တာပါ''
လီဝမ်သည်ဒေါသကိုထိန်းက''ချင်းချင်နင်ပြန်တော့ဒီနေ့ငါ....''

ချင်းချင်''နင်...စိတ်မဆိုးပါနဲ့နောက်တစ်ခါငါနင်မသိဘဲသွားမဆော့တော့ပါဘူးနော်''ဟုမျက်လုံးဝိုင်းဝိုင်းလေးတွင်မျက်ရည်လေးများဝိုင်းနေလေသည်။

လီဝမ်''ငါ...ဟူးးးဒီနေ့တော့ပြန်လိုက်တော့''
ချင်းချင်''ဝူး....ငါ...ငါ...နောက်တစ်ခါနင်မသိဘဲမသွားတော့ပါဘူးနော်..''ဟုငိုချကာ ​ပြောလာလေသည်။

လီဝမ်သည်ချင်းချင်ငိုလာသည်ကိုသိသောအခါသူ၏စိတ်လျော့လိုက်လေသည်။
လီဝမ်''ချင်းချင်မငိုနဲ့တော့တိတ်လိုက်တော့..ငါနင်ကိုကတိတစ်ခုတောင်းမယ်ငါမေးတာမှန်မှန်ဖြေ''

ချင်းချင်သည်ငိုနေသည်ကိုရပ်ကာ''အင်း...ငါ...''

လီဝမ်''ချင်းချင်နင်နဲ့ငါ အထက်တန်းကျောင်းပြီးတော့မှ ချစ်သူထားကြတာမယ်,နင်သဘောကျတဲ့သူရှိရင်ပြော,ငါသဘောကျတဲ့သူရှိရင်လဲပြောမယ်၊ဒါပေမယ့်ငါတို့နှစ်ယောက်အထက်တန်းပြီးမှရည်းစားထားကြမယ်နော်'' ''ပြီးတော့..... သူ....''ဟုဆက်မ​ပြောတော့ဘဲစိတ်စနိုးစနောက်ဖြင့်ရပ်လိုက်လေသည်။

ချင်းချင်''အင်...ကတိပေးပါတယ်နော်,နင်စိတ်မဆိုးပါနဲ့တော့နော်''ဟုပြောကာ လီဝမ်၏ပါးပြင်အားနမ်းလိုက်လေသည်။

လီဝမ်သည်ချင်းချင်ရုတ်တရက် ထိုသို့လုပ်လိုက်သည်ကို မထင်ထားပေ။သူ၏နားရွက်လေးသည်ရဲတွတ်နေလေသည်။
ချင်းချင်၏စိတ်ထဲတွင်'တကယ်တော့ငါသဘောကျတဲ့သူကနင်ပါလီဝမ်'

ချင်းချင်နှင့်လီဝမ်သည်ပြန်လည်သင့်မြတ်သွားလေသည်။
Wအထက်တန်းသို့ဝင်ရန်ကျောင်းသားများသည်ပြင်ဆင်နေကြလေသည်။

ချင်းချင်သည်အရင်သူမ၏ပြည့်ပြည့်ကလေးဖြစ်နေသော ကိုယ်သည် ဝိတ်ကျသွားလေသည်။(ပြောချင်တာက ကိုယ်ရည်စစ်သွားတာကိုပြောချင်တာပါနော်)

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now