Ch30

39 1 0
                                    

ဆရာမရှီဖန်သည်အတန်းထဲတွင်ပထမရသည့်အပြင်တစ်ကျောင်းလုံးတွင်လည်းပထမရသောလီဝမ်အားဂုဏ်ပြုစကားဆိုနေသည်။
သို့သော်လီဝမ်မှာဆရာမရှီဖန်ပြောနေသောစကားများအားနားထဲသို့မဝင်ပေ။
သူ၏စိတ်ထဲတွင်ချင်းချင်နှင့်ဘယ်လိုပြန်တည့်အောင်လုပ်ရမည်ကိုပင်စဥ်းစားနေသည်။

ထို့နောက်ဆရာမရှီဖန်သည်''အတန်းဖော်လီဝမ်သားစကားလေးတပ်ပြောပြပါဦး၊သူငယ်ချင်းတွေကိုအားပေးစကားလေး။
လီဝမ်မှာမူဆရာမပြောနေသောစကားကိုနားထဲမဝင်ဘဲခေါင်းသာငုတ်နေလေသည်။သူ၏ဘေးနားတွင်ထိုင်နေသောကုမင်ရှန်သည်သူ့အားတံတောင်နှင့်ထိလိုက်ကာသတိပေးလိုက်။

လီဝမ်သည်ကုမင်ရှန်တံတောင်နှင့်ထိလိုက်မှအသိပြန်ဝင်ကာမေးငေါ့ပြလိုက်ချိန်ကုမင်ရှန်သည်လီဝမ်အားတစ်ချက်ကြည့်၍ဆရာမထံကြည့်ကာအချက်ပြလိုက်သည်။ထိုမှသာလီဝမ်အသိစိတ်ပြန်ဝင်ကာအတန်းအရှေ့သို့ထွက်လာလေ။

အတန်းဖော်များနှင့်ဆရာမရှီဖန်သည်လီဝမ်အားလက်ခုတ်တီးစွာကြိုဆိုနေသော်လည်းချင်းချင်မှာမူလက်ခုတ်မတီးသည့်အပြင်သူ့ထံတွင်လည်းအားရုံမလာပေ။

သူအတန်းရှေ့သို့ရောက်သောအခါ''အတန်းဖော်တို့ငါကလီဝမ်ပါ၊မင်းတို့ကိုငါပြောပြချင်တာကမင်းတို့ကြိုးစားရင်လဲမင်းတို့အဆင့်၁နေရာဝင်နိုင်ပါတယ်၊ပြီးတော့(သူချင်းချင်အားကြည့်ကာ)ပိတ်ရက်TVမှာလာတဲ့သချာ်ပဟေဋ္ဌိအစီစဥ်ကိုလဲမင်းတို့ကြည့်သင့်ပါတယ်၊အဲ့ဒီပဟေဋ္ဌိအစီစဥ်ဟာအသက်ကြီးပိုင်းအတွက်သာမကငါတို့လိုအလယ်တန်းကျောင်းသားတွေအတွက်ပါအသုံးဝင်ပါတယ်၊အားလုံးကျေးဇူးပါ။''ဟုပြောကာချင်းချင်အားထပ်မံကြည့်လိုက်လေသည်။သို့သော်ချင်းချင်မှာမူသူပြောနေသည့်ကိစ္စကိုပင်အရေးတယူမရှိဘဲလီထုံထုံနှင့်စာရွက်တွင်စာရေးကာစကားပြောနေလေသည်။

ချင်းချင်သည်ဆရာမရှီဖန်ကလီဝမ်အားမိန့်ခွန်းပြောပေးရန်ခေါ်လိုက်ချိန်သူမစိတ်ထဲတွင်'အင်းဒီလိုဆိုတော့လဲလီဝမ်ကတော်သား'ဟုသာတွေးနေလေသည်။(သြော်ရှီချင်းချင်တို့များနော်မနက်တစ်မျိုးအခုတစ်မျိုးနဲ့)
သို့သော်သူမအလျှော့မပေနိုင်ချေ။အခုပြသာနာတွင်လီဝမ်မမှားသော်လဲသူမအတော်ဒေါသထွက်မိသည်။ဒါကြောင့်သူမကိုယ်သူမ စဥ်းစားသုံးသပ်နေသောကြောင့်ခေါင်းငုတ်နေ၍လီဝမ်ပြောနေသည့်စကားအားလုံးဝကိုနားထဲမဝင်ပေ။သို့သော်ပဟေဋ္ဌိအစီစဥ်ကိုကြည့်ရန်လီဝမ်တိုက်တွန်းနေချိန်သူမပြန်လည်ဒေါသထွက်ပြန်သည်။'ဒီအစီကြောင့်ရန်ဖြစ်တာကိုဒီဟာကိုထပ်ကြည့်ခိုင်းနေတာဘဲ၊သူကတခြားသူတွေပါဒီအစီစဥ်ကိုကြည့်ခိုင်းတယ်၊ပိတ်ရက်လေပိတ်ရက်ဆိုမှတော့ကစားမှာပေါ့ပျင်းစရာကောင်းတဲ့အစီစဥ်ကိုကြည့်မဲ့အစားကာတွန့်ကားဘဲကြည့်မှာပေါ့'ဟုစာထဲတွင်စာရေးကာလီထုံထုံအားပြလိုက်သည်။ထုံထုံသည်လည်းသူမစာထဲတွင်​ပြောထားသည့်အကြောင်းကိုသဘောတူစွာ'ဟုတ်တယ်'ဟုထောက်ခံကာသူမတို့နှစ်ယောက်အလုပ်ရှုပ်နေကြသည်။

ထိုအချိန်ဆရာမရှီဖန်သည်''ကဲကလေးတို့လီဝမ်ကိုလက်ခုတ်တီးကြရအောင်ဟု''ပြောကာအတန်းဖော်များအားလုံးလက်ခုတ်တီးကြလေသည်။

နေ့လယ်ထမင်းစားဆင်းချိန်canteenတွင်ချင်းချင်နှင့်ထုံထုံတို့ထမင်းစားရန်တန်းဆီနေသည်။ခါတိုင်းရက်တွင်သူမ၏အမေသည်လီဝမ်နှင့်သူမတို့အားထမင်းဗူးထည့်ပေးသဖြင့်တန်းဆီစရာမလိုပေ။သို့သော်လီဝမ်မနက်ကျောင်းလာချိန်ထမင်းဗူးအားယူလာပေးသော်လည်းသူမမစားခြင်ပေ။သူမအမေသည်သူမအားအများရှေ့တွင်ဆူငေါက်ထားသောကြောင့်ဖြစ်သည်။ခါတိုင်းဆူငေါက်ရာတွင်လီဝမ်မိသားစုနှင့်သူမမိသားစုရှေ့တွင်သာဖြစ်ပြီးယခုအခါရှီရင်ချင်တို့အရှေ့မှာပါဆူထားသောကြောင့်သူမ သူမအမေအားဆန္ဒပြချင်နေသည်။ထို့ကြောင့်ထမင်းဗူးအားအတန်းထဲတွင်ထားခဲ့ကာcanteenသို့ရောက်လာခြင်းဖြစ်သည်။

လီဝမ်နှင့်လီကျင့်ရွှီတို့သန့်စင်ခန်းမှပြန်လာချိန်ချင်းချင်အားနေရာတွင်ရှာလိုက်သောအခါမတွေ့ရပေ။
သူ သူမနေရာဆီသွားကာကြည့်လိုက်ချိန်စားပွဲ၏အံထဲတွင်ထမင်းဗူးရှိနေသည်ကိုတွေ့လိုက်ရသည်။'အင်းချင်းချင်ကကြာလေဆိုးလေပါဘဲလားဟု' တွေးနေမိသည်။

ကျင့်ရွှီသည်လီဝမ်စိတ်အခြေကိုသိလိုက်ရကာ''လီဝမ်မင်းငါတို့canteenမှာသွားစားကြရအောင်ဒီနေ့တော့ငါထမင်းဗူးပါမလာဘူး''ဟုပြောလိုက်သည်။

အတန်းထဲတွင်ထမင်းဗူးထည့်လာသူများတချို့သာအတန်းထဲတွင်စားနေကြသည်။တချို့ထမင်းဗူးထည့်လာသော်လည်းကလေးများသည်canteenတွင်သွားစားနေကြသည်ကာလည်းပုံမှန်ပင်ဖြစ်သည်။ထိုသို့တခါတလေသွားစားတတ်သောသူများတွင်သူတို့လေးယောက်လည်းပါလေသည်။
ထို့ကြောင့်အတန်းထဲတွင်လူအနည်းငယ်သာရှိနေသဖြင့်နားပါးသောကုမင်ရှန်သည်လီကျင့်ရွှီပြောနေသည်ကိုကြားလိုက်သောအခါသူပါလိုက်ခြင်ကြောင်းပြောလာသည်။လီကျင့်ရွှီသည်သဘောတူစွာဖြင့်သူတို့သုံးယောက်canteenဆီဦးတည်လာသည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now