ထိုအချိန်တွင်ပြသနာဝင်လာလေသည်။
အကြောင်းမှာ ရှီရင်ချင်ရုတ်တရက်ထပြောသောအကြောင်းကြောင့်ဖြစ်သည်။သူမပြောသည်မှာ''ပါးသမီးမေ့နေလို့ပါးကိုပြောပြဖို့ကိုသမီးတို့စာမေးပွဲဖြေထားအမှတ်တွေထွက်ပြီအဲ့တာသမီးအတန်းထဲမှာအဆင့်၁ရတယ်ပါး၊တစ်ကျောင်းလုံးမှာတော့အဆင့်၃ချိတ်တယ်ပါး''
တကယ်တော့သူမဒီလိုရုတ်တရက်ထပြောရချင်းမှာမနက်သူမလီဝမ်အားပြန်တော့မည်ဟုနှုတ်ဆက်ရန်သူမ သူ၏အခန်းအားသွားစဥ်၊လီဝမ်မှာအသံတိုးစွာပြောနေသည့်စကားကိုကြားလိုက်ရသောကြောင့်ဖြစ်သည်။'အင်းချင်းချင်ကဒီဟာကြောင့်သချာ်ကျနေရတာငါသူမကိုဒီအစီကအထောက်ကူပေးတယ်လို့ပြောပြလဲမရဘူး၊နောက်ပြီးသူမအဆင့်က၄၀၊အန်တီဝမ်သိရင်သူမအရိုက်ခံရဦးမယ်၊သူမကိုဘယ်လိုသိမ်းသွင်းရမလဲ'ဟုသူ မကျေနပ်သည့်ကိစ္စများအားတစ်ယောက်ထဲအသံတိုးစွာပြောနေလေသည်။သူပြောနေသည့်အကြောင်းကိုတစ်ယောက်ယောက်ကြားသွားသည်ကိုသူ မသိလိုက်ချေ။
ရှီရင်ချင်သည်ချင်းချင်အားမနာလိုရှိသည်၊အကြောင်းမှာချင်းချင်သည်သူမထက်သာနေသောကြောင့်ဖြစ်သည်၊ချင်းချင်မိဘများသည်သူမလိုချင်တာကိုမညီးမညူလုပ်ပေးသည်၊အထူးသဖြင့်သူမအဖေဖြစ်သည်၊သို့သော်သူမအဖေရှီမင်းဖန်မှာမူထိုသို့မဟုတ်ပေ၊နောက်တစ်ခုမှာသူမတွင်ချောမောပြီးသူမအနိုင်ကျင့်သမျှကိုသည်းခံကာမျက်နှာအပျက်မခံသည့်သူငယ်ချင်းရှိသည်ကိုပင်ပို၍မနာလိုဖြစ်မိသည်။
သူမဒီအကြောင်းကိုပြောပြရမယ်ဟုစိတ်ထဲတွင်တွေးကာလူစုံတက်စုံတွင်ရုတ်တရက်ထပြောရချင်းဖြစ်သည်။
ရင်ချင်''အန်တီဝမ်သမီးမနက်ကလီဝမ်အမှတ်မထင်ပြောတာကြားလိုက်ရတယ်အဲ့တာချင်းချင်ကအဆင့်
၄၀ရတယ်လို့ပြီးတော့လေ....သချာ်ကျတယ်ဆိုလား''ဟုအပြစ်ကင်းစင်သောပုံစံဖြင့်ပြောလေသည်။လီဝမ်သည်သူ့ခေါင်းပေါ်မိုးကြိုးအချက်ပေါင်းများစွာပစ်လိုက်သလိုပင်၊'သူမဘာလို့အခြေနေကောင်းနေမှထပြောတာလဲ'
ဝမ်ချင်းရီသူမလဲဘဲသူမ၏သမီးစာမေးပွဲဖြေထားသည်ကိုပင်မေ့နေသည်။စာမေးပွဲတလျှောက်တွင်လီဝမ်သည်သူမသမီးလေးအားကူပေးလေသည်။ညဘက်အိပ်ချိန်မှသာအိမ်ပြန်ပြီးတစ်နေကုန်သူမသမီးနှင့်အတူစာကူလုပ်ပေးလေ့ရှိသည်။
သူမဒီအရာကိုမေ့နေတာဘဲ၊သူမနည်းတူစုရှီထိုက်သည်လည်းသတိတောင်မရပေ။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...