Ch33

39 1 0
                                    

သူတို့ကားထွက်သွားပြီးနောက်စုရှီထိုက်သည်A001အိမ်၏တံခါးများပိတ်ကာသူမခင်ပွန်းမှာသည့်အတိုင်းသူမသားနှင့်သွားအိပ်လေသည်။

ကားပေါ်လမ်းတစ်လျှောက်တွင်မည်သူမှစကားမပြောကြပေ။ကားသည်၅နာရီလောက်မောင်းပြီးနောက်
လူကုံထံများနေသောဗီလာအိမ်အတွင်းသို့ရောက်လာသည်။

အသုဘသည်စီကားနေလေသည်။ရှီညီအကို၏အဖေရှီမင်းလင်သည်အလွန်ကျော်ကြားသောစီးပွားရေးသမားဖြစ်ကာနိုင်ငံရေးတွင်လည်းပါဝင်ပတ်သတ်သူဖြစ်သည်။
ကားသည်ခြံအဝသို့ရောက်သောအခါထားစရာပင်မရှိလောက်အောင်ခြံဝင်းထဲတွင်ကားများအပြည့်ဖြစ်နေလေသည်။
ရှီမင်းလင်တွင်သားနှစ်ယောက်ရှိသည်။သူ၏ဇနီးသည်သူ့သားအငယ်ရှီမင်းရှန်မွေးပြီးမကြာမီရောဂါတစ်ခုကြောင့်ဆုံးသွားလေသည်။

ရှီမင်းလင်သူဇနီးဆုံးသွားသောအခါသူ့သားနှစ်ယောက်အားသူပျိုးထောင်လေသည်။သူသည်စီးပွားရေးသမားဖြစ်သည့်အတွက်မအားပေ။အိမ်ပြန်ချိန်သည်လည်းနောက်ကျကာမနက်ပိုင်းတွင်လည်းစောစောcompanyသို့သွာရလေသည်။ထို့ကြောင့်ကလေးနှစ်ယောက်အားအိမ်တော်ထိန်းများနှင့်သာထားကာကြီးပြင်းစေသည်။

သူ၏သားကြီးသည်အလွန်ထက်မြတ်ကာထူးချွန်လေသည်။ကျောင်းတွင်လည်းအလွန်အမင်းထူးချွန်သဖြင့်သူမျက်နှာပွင့်လေသည်။သို့သော်သားအကြီးနှင့်ဆန့်ကျင်ဘက်သားငယ်သည်ကျောင်းစာတွင်အလွန်ညံလေသည်။ဒါကြောင့်သူသားငယ်အားနာမည်ကြီးသောဆရာများခေါ်ကာသင်ပေးသော်လည်းမရပေ။ထို့ကြောင့်သားငယ်ကြိုးစားခြင်စိတ်ဖြစ်အောင်သားအကြီးနှင့်နှိုင်းပြော​လေသည်။

သားအကြီးသည်နာမည်ကြီးUတက္ကသိုလ်သို့ဝင်သော်လည်းသားအငယ်သည်အားကစားတက္ကသိုလ်သာတက်ရောက်လေသည်။သူ၏သားငယ်အားကစားတက္ကသိုလ်တက်ရောက်ချင်သည်ဟုသူကိုပြောပြသောအခါသူလက်မခံပေ။
သို့သော်သူမသိအောင်တက္ကသိုလ်လျှောက်ရာတွင်အားကစားတက္ကသိုလ်အားရွေးချယ်ခဲ့လေသည်။သူထိုကိစ္စအားသိသောအခါသူအလွန်ဒေါသဖြစ်ကာစကားများရန်ဖြစ်ရင်းသူ့သားငယ်အားလက်ပါမိသည်။
သားအငယ်ဖြစ်သောရှီမင်းရှန်သည်အလွန်ခေါင်းမာလေသည်။အိမ်မှဆင်းကာတက္ကသိုလ်သို့တက်ရောက်လေသည်။ထို့ကြောင့်သူငွေဝင်ပေါက်များကိုဖြတ်တောက်ကာသူ့သားငွေမရှိသောအခါသူ့အားမလွန်ဆန်တော့မည်မဟုတ်ဟုထင်မိသော်။သို့သော်ရှီမင်းရှန်သည်အလုပ်တစ်ဖက်ဖြင့်ကျောင်းအားတက်လေသည်။

သူ၏သားအိမ်ပေါ်မှဆင်းသွားသည်မှစ၍သားဖြစ်သူအားမတွေ့ရပေ။သို့သော်တစ်နေ့တွင်သူ့သားအငယ်သည်မိန်းကလေးတစ်ယောက်အားအိမ်သို့ခေါ်လာသည်။သူ၏သားငယ်အခင်မင်ဆုံးသူငယ်ချင်းလဲရှိသည်။ထိုကလေးသည်ချန်လီကျင့်ဟုခေါ်သည်။သူသည်လည်းသူ၏သားအားထိုကလေးနှင့်ခိုင်းနှိုင်းကာပြောဆိုသော်လည်းသူ့သားမှာမနာတတ်ပေ။သူ၏သားငယ်မိန်းကလေးအားအိမ်သို့မိတ်ဆက်ပေးရန်ခေါ်လာချိန်သူထိုမိန်းကလေးအားအကဲခတ်မိသည်။

သူ့သားသည်ထိုမိန်းကလေးအားအလွန်ချစ်ပုံရသည်။ထိုမိန်းကလေးနာမည်မှာဝမ်ချင်းရီဖြစ်ကာထိုကလေးမသည်သူ့သားအားအလွန်ချစ်မည်ဟုသူတွေးမိသည်။
သူ၏သားတိုက်ကွမ်တိုကစား၍ဒူးအရွတ်ပြဲလာချိန်တွင်သူအလွန်စိတ်ပူပြီးဒေါသထွက်ကာပြောဆိုမိသည်။

အဖိုးရှီ''မင်းကိုငါမပြောဘူးလားဟမ်...ဒီအားကစားကျောင်းကိုမတက်ဖို့ပြီးတော့အားကစားကိုမလုပ်ဖို့အခုမင်းကြည့်စမ်းမင်းသဘောကျပါတယ်ဆိုတဲ့အရာကြောင့်မင်းခြေထောက်ကတစ်သက်လုံးပြန်မကောင်းတော့ဘူး...ဒီတော့မင်းဘာလုပ်စားမလဲ၊မင်းသဘောကျတဲ့မိန်းကလေးကရောမင်ကိုပြစ်သွားမလား၊ငါမင်းကိုအတန်တန်​ပြောတယ်ဒါပေမယ့်မင်းငါ့စကားနားမထောင်ဘူး''ဟုဒေါသကြီးစွာအော်ဟစ်ပြောဆိုလေသည်။

ထိုအချိန်သူ၏ချွေးမလောင်းလေးသည်''ဦးလေးဒီလိုမပြောပါနဲ့ရှီမင်းရှန်ကိုသူရှာမကျွေးနိုင်ရင်ကျွန်မရှာကျွေးမယ်၊ကျွန်မပြုစုမယ်၊ကျွန်မတာဝန်ယူမယ်၊ဒီတော့ဦးလေးကျွန်မကိုသူနဲ့သဘောတူပြီးမဂ်လာဆောင်ပေးပါ''ဟုပြောကာသူနှင့်သူ့သားအရှေ့တွင်ပြောလာသည်။သူထိုစကားကိုကြားသောအခါဒေါသထွက်သည့်စိတ်များပြောက်ကာသူ၏ချွေးမလောင်းအားသဘောကျခဲ့သည်။
ထို့ကြောင့်သူမဂ်လာဆောင်ပေးကာသူ၏စီးပွားရေးတွင်ပါဝင်လာရန်ထပ်မံပြောသည်။

ရှီမင်းလင်''မင်း..မင်းကိုကြီးနဲ့အတူcompanyကိုအတူတူအလုပ်လုပ်ပါငါအနားယူမယ်၊မင်းမသိရင်မင်းကိုကြီးကိုမေးလို့ရတယ်''ဟုပြောသည်။
သို့သော်ရှီမင်းရှန်၏ထုံစံအတိုင်းငြင်းလေသည်။''အဖေကျွန်တော်မလုပ်နိုင်ဘူးအဖေ့companyကို ကိုကြီးကိုဘဲပေးလိုက်ပါကျွန်တော်ဝန်ကြီးတာကိုတာဝန်မယူနိုင်ဘူးကျွန်​တော်အေးအေးဆေးဆေးနေခြင်တယ်ဟု''ပြန်ပြောသည်။ထိုအကြောင်းကြောင့်ထပ်မံစကားများကြလေရာယခုသူဆုံးသည်အထိပင်ဖြစ်သည်။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now