Ch13

63 3 2
                                    

readerလေးတို့ J နောက်ဆုံးအပုဒ်တင်ပေးထားပါတယ်​နော်
Jနေမကောင်းလို့အတတ်နိုင်ဆုံးတစ်နေ့နှစ်ပိုင်းနဲ့တင်ပေးပါမယ်ရှင့်
My teacher become my wifeလဲဆက်ပြန်ရေးထားပါတယ်
ဒီအပုဒ်လေးဒီလောက်ကြိုက်မယ်လို့Jမ မျှော်လင့်ထားပါဘူး
chapter15လောက်ရောက်ရင်paid gpထောင်သင့်မထောင်သင့်ထပ်စဥ်းစားပါ့မယ်
ဖတ်ရှု့သူအားလုံးကျန်းမာရေးဂရုစိုက်ကြပါရှင့်
commentလေးတွေမန့်ပေးရင်ပိုအားတတ်ပါတယ်ရှင့်
ကဲစလိုက်ရအောင်....

ပုံမှန်အတိုင်းလည်ပတ်နေရင်းချင်းချင်တို့စာမေးပွဲအ​ဖြေထွက်လာခဲ့သည်။
လီထုံထုံကချင်းချင်အားကျောင်းရောက်ရောက်ခြင်းတွင်''ချင်းချင်ဒီနေ့စာမေးပွဲအဖြေထုတ်ပေးမယ်ပြောတယ်...ဝါးဝါးငိုသံဖြင့်ငါတော့အိမ်ရောက်ရင်အရိုက်ခံရတော့မယ်...''
ချင်းချင်သည်ထုံထုံအားနှစ်သိမ့်၍''စိတ်မပူပါနဲ့မိဘတွေကသူတို့သားသမီးကိုအချစ်ဆုံးပါနင့်ကိုမရိုက်လောက်ပါဘူး''
လီဝမ်သည်တိတ်တဆိတ်နားထောင်နေသည်။ဒီနေ့ထုံထုံဘေးကအတန်းဖော်ကျောင်းမလာခဲ့ပေ။

အတန်းပိုင်ဆရာမယွီရှီဖန်သည်အဖြေလွှာစာရွက်များပိုက်၍ဝင်လာသည်။
အတန်းခေါင်းဆောင်ချီမင်ကျန့်သည်''အားလုံးမတ်တပ်ရပ်ဆရာမကိုနှုတ်ဆက်''
ကလေးများသည်ဆရာမအားနှုတ်ဆက်ကြလေသည်။

ဆရာမယွီရှီဖန်၏မျက်နှာသည်ပြုံးပျော်နေလေသည်။
ဆရာမရှီဖန်''ကလေးတို့ဆရာမမှာသတင်းကောင်းရှိတယ်သတင်းကောင်းကဂုဏ်ယူစရာပေါ့ကွယ်အတန်းအတွက်''
သားမင်ကျန့်''အတန်းဖော်တွေကိုအဖြေလွှာစာရွက်တွေဝေပေးလိုက်ပါဦးနော်''

အတန်းခေါင်းဆောင်ချီမင်ကျန့်သည်အတန်းဖော်တို့၏အ​ဖြေလွှာစာရွက်များကိုဝေပေးသည်။ထို့နောက်ဆရာမရှီဖန်သည်''ကဲကလေးတို့ဆရာမတို့အတန်းထဲမှာသချာ်ကိုအမှတ်အများနဲ့တစ်ကျောင်းလုံးအဆင့်(၁)ဝင်တဲ့ကလေးရှိတယ်'' ''အဆင့်(၁)ရတဲ့ကျောင်းသားကတော့ချန်လီဝမ်ဖြစ်ပါတယ်''
ချင်းချင်သည်သူမ၏အမှတ်များမြင်ပြီးနောက်စိတ်ဓာတ်ကျစွာဖြင့်မှိုင်နေသည်ဆရာမရှီဖန်ပြောနေသည့်အကြောင်းအရင်ပင်နားထဲမဝင်ပေ။
ထုံထုံသည်အဆင့်(၁)ရသောကျောင်းသားသည်ချန်လီဝမ်ဖြစ်သည်ကိုကြားလိုက်သောအခါမယုံနိုင်သလိုဖြစ်နေပြီးချင်းချင်နှင့်ဆန့်ကျင်ဘက်လီဝမ်အားခေါ်၍
''ဟဲ့ဟဲ့နင်ကအဆင့်(၁)လားဒါဆိုအတန်း​ဖော်လီဝမ်ငါ့ကိုသချာ်လေးသင်ပြပေးနိုင်မလားငါနင့်ကိုမုန့်ဝယ်ကျွေးပါ့မယ်နေ့တိုင်းလဲချီးကျူးစကားပြောပေးပါ့မယ်''(ချက်ချင်းနော်လီထုံထုံတို့များ)

ချင်းချင်သည်နောက်မှသတိပြန်ရ၍''ငါစောစောက ကြားလိုက်တာအဆင့်(၁)ရတာဘယ်သူလီဝမ်လို့ကြားလိုက်သလိုဘဲ....''
ချင်းချင်သည်ထိုသို့ပြောပြီးနောက်သူမအဖြေလွှာကိုပြန်ကြည့်လိုက်သည်။
သူမ၏အဖြေလွှာတွင်သချာ်မှာ၅၅မှတ်ဖြစ်သည်။အောင်မှတ်ဖိုးမှာ၆၀ဖြစ်၍ကျတောင်ကျနေသည်။တခြားဘာသာများတွင်အမှတ်မဆိုးဘူးဟုဆိုရမည်။သို့သော်သူမ၏အဆင့်သည်အတန်းထဲတွင်အနောက်ကရေရင်၁၀ ယောက်မြောက်ဖြစ်သည်။ ထုံထုံမှာသူမအနောက်တွင်နေရာယူထားလေသည်။
ကုမင်ရှန်ဟူသောကောင်လေးမှာ ချန်လီဝမ်၏အနောက်မှာနေရာယူ၍အဆင့်၂နေရာ၊တစ်ကျောင်းလုံးအဆင့်တွင်အဆင့်၁၀ယူထားသည်။
(ကုမင်ရှန် ကိုသိတယ်ဟုတ် ထုံထုံပြောတဲ့အူတူတူဆိုတဲ့ကောင်လေးပါနော်)
လူဆိုးလေးလီကျင့်ရွှီမှာမူအတန်းထဲတွင်အဆင့်၁၀ရ၍ တစ်ကျောင်းလုံးတွင်အဆင့်၂၀ ဝင်လေသည်။(ဒီနေရာမှာပြောစရာရှိပါတယ်ကုမင်ရှန်ကတစ်ကျောင်းလုံးအဆင့်၁၀ဖြစ်ပြီးလီကျင့်ရွှီနဲ့ဘာလို့သိပ်မကွာလဲဆို တခြားဘာသာတွေနဲ့ တွက်ထားလို့ပါနော်)

ကျောင်းဆင်းချိန်ချင်းချင်သည်သူမစက်ဘီအားထုတ်ယူပြီး''လီဝမ်အိမ်ရောက်ရင်အဆင့်တွေမပြောနဲ့နော် ....ငါအိပ်ပျော်တော့မှပြောဘာလို့လဲဆိုငါ့ပါးပါးနဲ့မားမားကမနက်ဆိုသူတို့အလုပ်ရှုပ်တယ်အဲ့ဒီတော့မမှတ်မိလောက်ဘူးသိလားနော်လို့'' (ချင်းချင်မိဘတွေကစားသောက်ဆိုင်ဖွင့်ထားတာမလို့မနက်ပိုင်းဆိုအလုပ်ရှုပ်ပါတယ်ဒါပေမဲ့ဆိုင်ထိုင်တာကပါးရှီဖြစ်တယ်နော်မားဝမ်ကဘာလို့မထိုင်တာလဲဆိုအိမ်မှာဘဲနေတာပါနော်သူမယောကျာ်းဒူးအရွတ်ဒဏ်ရာရပြီးစိတ်ဓာတ်ကျနေတာသိလို့ပတ်ဝန်းကျင်နဲ့ဆက်စပ်ပြီးစိတ်ပြေအောင်လို့ပါချက်ပြုတ်နည်းတွေကမားဝမ်တစ်ခါထဲထုတ်ပေးထားတာပါနော်)

လီဝမ်သည်ချက်ချင်းသဘောတူလေသည်။အကြောင်းမှာချင်းချင်အရိုက်ခံရလျှင်သူ၏အမေသည်ချင်းချင်အားဝင်ဆွဲပေးသည်။အခုသူ့မားမားသည်ကိုယ်ဝန်ရှိနေ၍ဝင်ဆွဲပေးလို့မရပေ။
ဒါကြောင့်သူချက်ချင်းသဘောတူလေသည်။ကလေးနှစ်ယောက်သည်ကိုယ်စီစက်ဘီစီး၍အိမ်ပြန်လေသည်။

ကဲJစာတွေပြန်စစ်ကြည့်တာch13ကတို့လို့တန်းလန်းဖြစ်နေပြီးရေးထားတာတွေပျက်သွားလို့ပြန်ရေးပေးထားပါတယ်​နော်

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now