လီဝမ်တို့သားအမိအိမ်ထဲဝင်သွားချိန်တွင်ရှီရီချင်သည်သူမအားသူမ၏အဖေခေါ်သံကိုကြားလိုက်သဖြင့်အိမ်ထဲပြန်ဝင်လာသည်။
ရှီရီချင်''ပါးသမီးကိုခေါ်တာလားဟင်''
ရှီမင်းဖန်''ဟုတ်တယ်သမီးကိုခေါ်တာနှုတ်ဆက်လိုက်ဒါသမီးရဲ့အမရှီချင်းချင်တဲ့'' ''ချင်းချင်ဒါကဦးသမီးရှီရင်ချင်''
ကလေးမလေးနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ချင်းချင်က'' တွေ့ရတာဝမ်းသာပါတယ် ငါကချင်းချင်ပါဒါနဲ့နင်ကလှတယ်နော်''
ရှီရင်ချင်''အင်းတွေ့ရတာဝမ်းသာပါတယ်ရီရင်ချင်ပါ'' ''ချင်းချင်ငါနင့်တို့အိမ်အနောက်ဘက်မှာကိုကိုတစ်ယောက်တွေ့တယ်သူ့နာမည်ကဘယ်သူလဲ''
ချင်းချင်သည်ကိုကိုတစ်ယောက်တွေ့သည်ဟုသူမပြောစကားကိုကြားသောအခါထူးဆန်းနေလေသည်။အိမ်ထဲသူခိုးများရောက်လာတာလား။
ထိုအချိန်လီဝမ်သည်မနက်စာစားပြီးနောက်မနေ့ကပင်ချင်းချင်နှင့်သူအတူတူမဆော့ခဲ့ရသဖြင့်အစာစားပြီးချက်ချင်းပင် တစ်ဖက်အိမ်ကိုကူးလာသည်။လီဝမ်''ချင်းချင်''ဟုမီးဖိုချောင်ဘက်မှခေါ်လိုက်သည်။
ဝမ်ချင်းရီသည်သူမသမီးလေးအားခေါ်သံကြားသည့်နေရာစီလှည့်ကြည့်မိရာလီဝမ်အားလိုက်ရသည်။လွီရှင်သည်လည်းဘဲလှည့်ကြည့်မိသည်။
ဝမ်ချင်းရီ''သားလီဝမ်ချင်းချင်ကိုလာခေါ်တာလားသားမနက်စာရောစားပြီပြီလားမေမေရောဘယ်လိုနေလဲအန်တီလဲလာကြည့်မယ်လာကြည့်မယ်နဲ့သားရယ်မအားဘူးသေးလို့သားရယ်''
လီဝမ်သည်ဝမ်ချင်းရီမေးသည့်မေးခွန်များကိုတစ်ခွန်းမကျန်တစ်ခုပြီးတစ်ခုပြန်ဖြေလေသည်။''ဟုတ်ကဲ့အန်တီသားချင်းချင်ကိုလာခေါ်တာပါ၊မားမားကနေကောင်းပါတယ်၊ပြီးတော့ရပါတယ်အန်တီဝမ်အန်တီအားတဲ့အချိန်မှမားမားနဲ့စကားပြောပါနော်''ဟုပြုံးစွာပြန်ပြောလေသည်။
လွီရှင်သူမသည်ကောင်လေးငယ်သူမယောကျာ်း၏တူမနာမည်ကိုခေါ်သံကြားသောအခါလှည့်ကြည့်မိလေရာချောမော၍သူမသမီးနှင့်ရွယ်တူကောင်လေးအားတွေ့လိုက်လေသည်။ဝမ်ချင်းရီမေးသည့်မေးခွန်းတိုင်းကိုထိုကလေးမှာသူ၏ပါးချိုင့်ကလေးပေါ်လွှင်ပြီးပြုံးပျော်စွာပြန်ဖြေနေပုံမှာမျက်စိပသာဒကျနေသည်။သူမမှတ်ချက်ထဲတွင်'အင်းဒီကလေးကအလွန်ကြည့်ကောင်းတာဘဲ'
ချင်းချင်သည်လီဝမ်အသံကိုကြားသောအခါမီးဖိုချောင်ထဲသို့ရောက်လာလေသည်။သူမနောက်မှရှီရင်ချင်လဲပါလာလေသည်။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...