Ch 25
ချင်းချင်သည်လီဝမ်နှင့်ရင်ချင်တို့ထားခဲ့ကာအိမ်ပြန်လာလေသည်။'ဟွန့်...လီဝမ်ပြောတော့ခဏဘဲကြည့်မယ်ဆိုပြီး'
ချင်းချင်ပြန်သွားပြီးနောက်ပိုင်းလီဝမ်ခေါင်ခါလိုက်သည်။သူဒီအစီစဥ်ကိုချင်းချင်အားအတူကြည့်ခိုင်းရခြင်းမှာသူမသည်တွက်စာပိုင်းတွင်ညံ့သည်။ဒီအစီစဥ်ကတွက်စာပိုင်းညံ့တဲ့သူတွေအတွက်အထူးကောင်းမွန်လေသည်။သို့သော်ချင်းချင်မှာခဏသာကြည့်ပြီးအကြောင်းအမျိုးမျိုးပြတတ်သည်။ယခုလဲထိုအတိုင်းပင်ဖြစ်ပြန်သည်။
လီဝမ်သူ့ဘေးတွင်ကျန်ခဲ့သောရှီရီချင်အားကြည့်ကာ''နင်လဲပြန်တော့လေ၊ဒီဟာကိုချင်းချင်အိမ်မှာဆက်ကြည့်ပေါ့''
ရှီရင်ချင်''ဟင်အင့်..ငါမပြန်ဘူးအိမ်မှာငါ့အဖေနဲ့ငါ့ဦးလေးသူတို့ကဧည့်ခန်းထဲမှာစကားပြောနေတယ်ငါမလွတ်လပ်ဘူးသူတို့ရှိရင်''
လီဝမ်''အင်းအဲ့တာဆိုလဲပြီးတဲ့အထိကြည့်ပြီးပြန်တော့''ဟုပြောကာသူ့အခန်းထဲသို့သွားရန်အပေါ်တက်သွားလေသည်။အမျိုးသမီးသုံးယောက်သည်ထိုကိစ္စသေးသေးလေးကိုမသိလိုက်ဘဲစကားလက်ဆုံကြနေလေသည်။
ညရောက်သောအခါဝမ်ချင်းရီသည်ထုံစံအတိုင်းညစာ စားကြရန်ချက်ပြုတ်ကာပြင်ဆင်နေလေသည်။
ချန်လီကျင့်သည်လည်းအိမ်ပြန်ရောက်ကာရေမိုးချိုးနေလေသည်။
ရှီညီအကိုမှာမူအပြင်ထွက်လမ်းလျှောက်နေကာယွီရှင်မှာဝမ်ချင်းရီနှင့်အတူ ကူပေးနေလေသည်။ချင်းချင်သည်တစ်နေ့လုံးစိတ်အခြေနေမကောင်ပေ။
ထို့ကြောင့်သူမအဖေလမ်းလျှောက်ရန်ခေါ်သော်လည်းမလိုက်ခြင်ကြောင်းပြောကာတစ်နေကုန်အခန်းထဲတွင်အချိန်ကုန်နေလေသည်။ရှီရင်ချင်မှာမူသူမတို့အဖေနှင့်အတူလမ်းလျှောက်လိုက်သွားသည်။လီဝမ်သည်မနက်ကဖြစ်ပျက်ခဲ့သည့်အကြောင်းကြောင့်သူ့စိတ်ထဲတွင်ဘဝင်မကျသော်လည်းထုံစံအတိုင်းသူကြိုက်နှစ်သက်သည့်သချ်ာအားလေ့လာနေသည်။
ညစာအဆင်သင့်ချက်ပြုတ်ပြင်ဆင်ပြီးချိန်တွင်ဝမ်ချင်းရီသည်သူမ၏ခင်ပွန်းအားညစာအဆင်သင့်ဖြစ်ကြောင်းနှင့်ပြန်လာရန်ဖုန်းဆက်နေလေသည်။
စုရှီထိုက်နှင့်ယွီရှင်မှာတည်ခင်း နေလေသည်။
ဝမ်ချင်းရီသည်သူမ၏သမီးလေးဓာတ်မတည့်ပင်လင်စာ(အထူးသဖြင့်ပုဇွန်ပါနော်ချင်းချင်ကပုဇွန်နဲ့ဓာတ်မတည့်ပါဘူး)ကိုချက်ပြုတ်ထားလေသည်။အကြောင်းမှာသူ့ခဲအိုလာသည်ကတစ်ကြောင်း၊လီဝမ်သည်ပုဇွန်ကြိုက်သည်ကတစ်ကြောင်းဖြစ်သည်။
သို့သော်သူမသမီးအတွက်ပုဇွန်အားဖယ်ကာတခြားပင်လယ်စာများပါဝင်သည့်ဟင်းပွဲအားသီးသန့်ပြင်ဆင်ပေးထားသည်။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...