Ch27&28

38 1 0
                                    

Ch27

ချန်လီကျင့်နားမလည်တော့ပေ။
ထို့ကြောင့်''ဘာတွေဖြစ်ကုန်ကြတာလဲ''
ဝမ်ချင်းရီမှာ''ချင်းချင်နင့်ကိုငါစာသွားလုပ်လို့ပြောတယ်မလား...သြား''

ချင်းချင်မှာငိုယိုစွာတက်သွားလေသည်။
အခြေနေကောင်းနေသည့်ညစာစားပွဲသည်ရုတ်တရက်မိုးရွာချလိုက်သလိုဖြစ်သွားသည်။

အခြေနေဗရုတ်သုတ်ခဖြစ်ပြီးနောက်တွင်
ရှီမင်းရှန်သည်သူတို့၏အိပ်ခန်းထဲတွင်သူ၏ဇနီးအား''ချင်းရီမင်းဘယ်လိုလို့ဒီလိုအထိခိုက်မခံတတ်တဲ့သူဖြစ်သွားရတာလဲကွာ၊ကိုယ်တို့သမီးလေးကလိမ်မာပါတယ်၊ကလေးကဉာဏ်ကောင်းပါတယ်၊မင်းဒီနေ့ကလေးကိုဆူတာလွန်သွားတယ်''
ဝမ်ချင်းရီ''ကျွန်မဘယ်မှာလွန်သွားလဲပြောစမ်းပါဦး၊ကျွန်မသူ့ကိုထောက်ပံ့တာလိုအပ်နေလို့လား၊ကျွန်မတို့မအားတော့သူမကိုစာမသင်ပေးနိုင်ဘူးလေ၊ဒါပေမယ့်ကျွန်မguideအနီးကပ်ခေါ်ပေးသည်၊ဒါအပြင်လီဝမ်ကလဲဂရုတစိုက်သင်ပေးသေးတယ်၊ဒါကိုသူမကလီဝမ်ကိုအပြစ်ဘာလို့မြင်ရတာလဲ''ဟုဒေါသထွက်နေသည့်လေသံဖြင့်မှန်တင်ခုံတွင်ထိုင်ကာပြောနေသည်။
ဝမ်ချင်းရီ''ပြီးတော့ရှင်အလိုလိုက်တာလဲပါတယ်၊ရှင်ဒီလိုတွေအလိုလိုက်နေတော့သူမကဆိုးလို့ရမှန်းသိလို့ဆိုးနေတာ''ဟုဆက်ပြောပြန်သည်။

ရှီမင်းရှန်သည်သူ့ထံမြှားဦးလှည့်လာသဖြင့်ဘာမှဆက်မပြောတော့ဘဲနေလိုက်သည်။သူမိန်းမဒီရက်ပိုင်းတော်တော်အထိခိုက်မခံတာဘဲကြည့်ရတာသူအကိုလာလို့ထင်တယ်။

ချင်းချင်သည်ဒီအရာ၏အဓိကသံယခံမှာလီဝမ်ဖြစ်သည်ဟုသူမထင်သည်။ထင်တာမဟုတ်ဘူးသူဘဲ။
ချင်းချင်သည်သူမဆုံးဖြတ်ချက်ချလိုက်တော့တယ်ငါ'လီဝမ်ကိုမခေါ်တော့ဘူး၊အင်းတကယ်လို့မနက်ဖြန်ကျောင်းဖွင့်ရင်ဘယ်လိုလုပ်မလဲ၊ငါကသူ့ဘေးမှာထိုင်ရတော့မခေါ်ခြင်ပေမဲ့ဘယ်လိုလုပ်ရမလဲ၊ထုံထုံနဲ့နေရာလဲရမယ်၊အင်းကောင်းတယ်အဲ့ဒီအကြံ'
ဟုတွေးရင်းတွေးရင်းဝမ်းနည်းစွာအိပ်ပျော်သွားသည်။

တဖက်လီဝမ်သည်သူဒီညမအိပ်ပျော်နိုင်၊'တကယ်လို့ချင်းချင်ကသူ့ကိုမခေါ်တော့ရင်ဘယ်လိုလုပ်မလဲ၊ခါတိုင်းကလဲဒီလိုရန်ဖြစ်နေကြပါ၊ပြန်ခေါ်မယ်တော့ထင်တာဘဲ၊ဒါပေမယ့်ဒီတစ်ခေါက်ကခါတိုင်းနဲ့မတူပြန်ဘူး၊ဟူးးးးးး'ဟုသက်ပြင်းချစွာသူဒီညမအိပ်ပျော်ပေ။

ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲWhere stories live. Discover now