ဒီနေ့၄ပိုင်းတင်ပေးပါတယ်နော်ကြိုက်နှစ်သက်တဲ့အတွက်ကျေးဇူးပါရှင့်Jပြောစရာရှိပါတယ်Jရေးတဲ့သုံးပုဒ်လုံးကJဒီသုံးပုဒ်ကိုရေးဖို့လွန်ခဲ့တဲ့နှစ်နှစ်ကထဲကစဥ်းစားပြီးဇာတ်ကြောင်းဖန်တီးထားတာပါနော်Jကchineseကိုသဘောကျတဲ့အတွက်chinese novelပုံစံဖန်တီးထားတာပါရှင့် tradition မဟုတ်ပါဘူးJမူပိုင်ပါ။သဘောကျပေးတဲ့အတွက်ကျေးဇူးပါရှင့်ဒါနဲ့ Jသုံးပုဒ်မြောက်လေးintroလိုက်ပါပြီ...ဖတ်ရှု့ပေးကြပါဦးရှင့်
ကဲစကားလေးတွေရှည်တော့စလိုက်ကြရအောင်Ch10
ချင်းချင်သည်လီဝမ်အားပြောပြီးနောက်တစ်ဖန်အောက်ဆင်းသွားသည်။လီဝမ်သည်ချင်းချင်၏တဘက်နှင့်ခေါင်းသုတ်နေချိန်တွင်အလွန်အီလှသည့်အနံတစ်ခုရလေသည်။ထိုအနံသည်တခြားအနံမဟုတ်ချင်းချင်၏ကိုယ်သင်းနံဖြစ်သည်။
လီဝမ်အိမ်အောက်သို့ရောက်သောအခါမီးဖိုချောင်ထဲတွင်လူကြီးများ၏အသံနှင့်ချင်းချင်ဖွင့်ထားသောကာတွန့်အသံတို့ဖြင့်ဆူညံနေလေသည်။ချင်းချင်သည်သူဆင်းလာသည်ကိုမြင်သောအခါသူမနေရာဖယ်ပေးလိုက်ပြီးဆက်ပြီးTvထိုင်ကြည့်နေလေသည်။
လီဝမ်သည်သူမအား''ချင်းချင်အိမ်စာရေးရမယ်လေတော်တော့မကြည့်နဲ့တော့''
ချင်းချင်သည်သူပြောစကားကိုဂရုမစိုက်ပေ။အင်းပါအင်းပါဟူသည့်စကားကိုသာထပ်ပြောနေသည်။
သူသည်သူမလေးကိုခေါ်လို့မရတေ့ာမှန်းသိပြီးဒီနေ့တော့စာလုပ်လို့မရခြေ။အကြောင်းမှာချင်းချင်ကြိုက်သောကာတွန့်ကားသည်တစ်ပတ်၃ရက်ထဲသာလာသည်။အခုလာနေသည်ကလဲထို၃ရက်အတွင်းသာပြသနေသည့်အပိုင်းဖြစ်သည်။သူလက်လျော့၍မီးဖိုချောင်ဘက်ဆီကိုသာထသွားလိုက်သည်။လူကြီးများသည်စကားလက်စုံကြနေရာသူလာသည်ကိုပင်သတိမထားမိခြေ။
ရှီမင်းရှန် ''လောင်ချန်ဘယ်လိုလဲအခုဒီဇိုင်းကအဆင်ပြေလား''
ချန်လီကျင့်''အေးကွာအဆင်ပြေတယ်လို့မဟုတ်ဘူးကွာကျုပ်အခုထွက်မဲ့ဒီဇိုင်းရဲ့logoကိုစဥ်းစားနေတာအသစ်အဆန်းဖြစ်ခြင်တယ်company logoနဲ့မထားခြင်ဘူးဒါပေမယ့်logoဆွဲတဲ့သူတွေကပြတဲ့ဟာကျုပ်သဘောမကျတော့အခုအခက်တွေ့နေတာပေါ့ဗျာ''
ရှီမင်းရှန် သည်''အင်းဒီလိုဆိုတော့လဲ''
စုရှီထိုက်သည်ဝင်ပြောလေသည်။''ဒီဇိုင်းကပြီးသွားပြီရှင်logoကိုရှင့်ရဲ့ချန်လီကျင့်ကသဘောမကျဘူးတဲ့''
သူမထိုသို့ပြောလိုက်ချိန်တွင်ရီသံတစ်ခုထွက်လာသည်။ ဝမ်ချင်းရီသူမသည်''ခစ်ခစ်...စုရှီထိုက်နင်ကလဲဘာတဲ့ရှင့်ရဲ့ချန်လီကျင့်တော်ကြာငါ့ခင်ပွန်းကသွေးတတ်နေပါမယ်။မတည့်အတူနေကို...ခစ်ခစ်''
စုရီထိုက်သည်သူမပြောလိုက်သည့်စကားကိုပြန်သတိရချိန်သူမလဲရီလိုက်သည်။
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...