sorryပါ readerလေးတို့Jစာလုံးပေါင်းပြန်စစ်ရင်းဖျက်မိသွားတယ်ထင်တယ်နေမကောင်းတော့တစ်နေ့လုံးအိပ်နေတော့...ကဲစလိုက်ကြရအောင်
Ch12
ညစာစားနေရင်းမစားတော့ဘဲ လီဝမ်သည်ချင်းချင်တို့အိမ်တွင်နေခဲ့၍သူ့မိဘများသည်ဆေးရုံသို့သွားရောက်စစ်ဆေးကြသည်။
ချင်းချင်သည်လီဝမ်အားသူမအခန်းထဲကိုခေါ်၍နေစေသည်။ဝမ်ချင်းရီသည်ကလေးနှစ်ယောက်အစာပြေစားရန်သစ်သီးများလှီး၍ယူလာခဲ့သည်။
ရှီမင်းရှန် တော့အိမ်မှာမရှိပေ။အကြောင်းမှာဆေးရုံသို့လိုက်ပို့နေခြင်းဖြစ်သည်။
ကလေးနှစ်ယောက်သည်အခန်းထဲတွင်အိမ်စာများရေးနေရင်းချင်းချင်ရုတ်တရက်ထပြောသည်။
ချင်းချင်''လီဝမ်တကယ်လို့မွေးစားအမေစုသာညီမလေးမွေးခဲ့ရင်ငါတော့နင်နဲ့ဆော့ဖြစ်တော့မယ်မထင်ဘူးခစ်...''
လီဝမ်သည်ချက်ချင်းပြန်မေးသည်''ဘာလို့လဲ..''
ချင်းချင်က''ဘာဖြစ်လို့လဲဆိုငါကညီမလေးလိုခြင်နေတာငါ့မားမားကိုပူဆာပေမဲ့မားမားကငါ့ကိုမလုပ်ပေးဘူး....'' ''ပြီးတော့ငါသာညီမလေးရခဲ့ရင်ငါညီမလေးနဲ့အရုပ်မလေးတွေကစားမယ်အလှလေးတွေပြင်ပေးမယ်ခစ်ခစ်...နင်မသိပါဘူးမိန်းကလေးတွေရဲ့သဘာဝကို...''
လီဝမ်သည်ချင်းချင်ပြောသမျှကိုသာဆက်နားထောင်လေသည်။
ချင်းချင်ကဆက်ပြီး''ထုံထုံကငါ့သူငယ်ချင်းပေမယ့်သူမကငါနဲ့အိမ်မနီးဘူးလေ...ပြီးတော့ငါ့ဆီမှာညလာအိပ်ချင်တယ်ပြောပေမယ့်သူမကသူမပါးပါးကိုလွမ်းပြီးညဘက်အိပ်နေရင်းငိုမိမှာလို့ပြောတယ်'' ''ဒါပေမယ့်မွေးစားအမေစုသာညီမလေးမွေးပေးရင်ငါသူမနဲ့အတူတူအိပ်လို့ရမယ်ညဘက်ငိုရင်လဲချက်ချင်းအိမ်ပြန်ပို့ပေးလို့ရတယ်''
လီဝမ်သည်ချက်ချင်းထပြောသည်''တကယ်လို့ယောကျာ်းလေးဖြစ်နေရင်ရော''
လီဝမ်ထိုသို့ပြောပြီးနောက်ချင်းချင်တွေဝေ၍စဥ်းစားနေမိသည်။''ကိစ္စမရှိပါဘူးမောင်လေးဖြစ်တော့လဲဘာဖြစ်လဲငါနဲ့အတူတူကာတွန့်ကားကြည့်ပြီးကာတွန့်စာအုပ်တွေဖတ်မှာပေါ့ဒါတွေကနင်မှမကြိုက်ဘဲနင်မကြိုက်တော့ငါရဲမောင်လေးနဲ့အတူတူလုပ်လို့ရတာပေါ့''(ချင်းချင်ကသူမရဲ့မောင်လေးလို့ပြောသွားပါတယ်)
လီဝမ်သည်ချင်းချင်ထိုသို့ပြောသည်ကိုထောက်ခံသည်။မှန်သည်ကားသူသည်ကာတွန့်ကားမကြိုက်ပေ။'ဒီဟာတွေကသူ့အတွက်အချိန်ကုန်တယ်သချာ်တွက်နေရတာလောက်စိတ်ဝင်စားဖို့မကောင်းပေ'
YOU ARE READING
ငါတို့တွေဘယ်နေရာမှာလွဲချော်ခဲ့လဲ
Romanceတစ်နေ့ထဲ တစ်ရက်ထဲ မွေးဖွားလာခဲ့တဲ့သူတို့နှစ်ယောက် နှစ်ဖက်မိဘများကလဲ သူငယ်ချင်းအရင်းအချာဖြစ်ကြတဲ့အခါ တစ်ရပ်ကွက် အိမ်ချင်းဘေးရင်းကပ် တည်ရှိကျတဲ့... ချန်လီဝမ်နဲ့ ရှီချင်းချင် တို့နှစ်ယောက် အထက်တန်းနောက်ဆုံးနှစ်မှာသူတို့ကြားထဲဝင်ရောက်လာတဲ့ မိန်းမလှလေးမိ...