Summary(မိတ်ဆက်)

5.9K 272 27
                                    

ဇာတ်လမ်းအကျဉ်း

စွန့်ပစ်ထားသော စံအိမ်ကြီးထဲ၌ ဖြစ်ပွားသည့် လှုသတ်မှုတစ်ခုအားကိုင်တွယ်ရန် ဟယ်ဝေးအဖို့ အကြောင်းဖန်လာခဲ့ရသည်။

သေဆုံးသူမှာ 'ချန်ဇယ်ရှန်း'
-အမျိုးသား
-စန္ဒရားပညာရှင်
-သေနတ် ထိမှန်၍ သေဆုံးခြင်း။

တစ်ချိန်တည်းမှာပဲ တစ်ထပ်တည်း ဆင်တူသော စံအိမ်ကြီးထဲတွင်
ချန်ဇယ်ရှန်း ဆိုသူသည် အဖွဲ့တစ်ခုအား ဦးဆောင်၍ အခင်းဖြစ်ပွားရာ နေရာအား စစ်ဆေးနေခဲ့သည်။

သေဆုံးသူမှာ 'ဟယ်ဝေး'
-အမျိုးသား
-ကုမ္ပဏီ ၀န်ထမ်း
-အသက်ရှူကျပ်၍ သေဆုံးခြင်း။

___________

မတူညီတဲ့ ကမ္ဘာတွေ
မတူညီတဲ့ အလုပ်အကိုင်တွေကြားမှာ
တစ်ထပ်တည်း တူနေခဲ့သော အရာသည်ကား ၎င်းတို့နှစ်ဦးသားဟာ တစ်ယောက်ကမ္ဘာ၌ တစ်ယောက်က သေဆုံးသူတွေ ဖြစ်နေကြသည်။

အပြိုင်တည်ရှိနေတဲ့ ကမ္ဘာနှစ်ခုက လှုသတ်မှုဖြစ်စဥ်‌တွေရဲ့ ဇာတ်လိုက်တွေကို ချိတ်ဆက်သွားစေတဲ့အရာက ဘာများလဲ?

အချိန်နဲ့ စကြ၀ဠာကြီး ဖြတ်တိုက်သွားတဲ့အချိန်မှာ အပြိုင်ရှိနေခဲ့တဲ့ စကြ၀ဠာတွေက တိတ်တဆိတ် ပြောင်းလဲသွားခဲ့လေတယ်

ဟယ်ဝေးအနေနဲ့ ဒီအခြေအနေကြီးက ဖြေရှင်းလို့ မရနိုင်ဘူးဆိုတာကိုလည်း  သိရှိသွားပြီး
ကံကြမ္မာစက်၀န်းအတွင်းမှာ ရုန်းကန်နေရင်းက ချန်ဇယ်ရှန်းကိုလည်း ဘယ်လိုနည်းနဲ့ ကယ်နိုင်မလဲ?

တွေ့ဆုံခြင်းဆိုတာ မရှိရင် စတင်ခြင်းဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။

နာရီလက်တံက သုညအတိကို ညွှန်ပြသွားတဲ့အခါမှာ သူကရော ဆန့်ကျင်ဖက်အရပ်မှာ ရပ်တည်နေနိုင်ဦးမှာလား?

•••••••••••••••••••••

T/N Summary ဖတ်ရုံနဲ့တင် အတော်လေး ခေါင်းစားရမယ့်ဟာပါလားလို့ တွေးမိသွားမယ် ထင်ပါတယ် ><

"ငါကသန်းဆို နင်တို့မေလိုက်" ပေ့ခ်ျကနေ
စိတ်၀င်စားဖို့ကောင်းအောင် review ရေးပေးထားတာလေး မြင်ပြီး ဒါ ငါ pick ကို pick မှ ဖြစ်မယ့် အဖိုးတန်လေးပါလားလို့ ဖြစ်သွားရလို့ တာ၀န်တစ်ခုကို လိုလိုလားလား သယ်ချလိုက်ပါပြီ 🍀

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now