38-မမျှော်လင့်ထားတဲ့ မတော်တဆ ရှာဖွေတွေ့ရှိမှု-

304 66 20
                                    

အတန်းပြီးသွားသည့်အချိန်တွင် လျန်ကျင်းယွမ်မှာ မေးခွန်းမေးလိုသည့် ကျောင်းသူကျောင်းသားများ၏ ပတ်ပတ်လည် ၀န်းရံခြင်းကို ခံလိုက်ရပေသည်။ ကျောင်းမှာဆိုလျှင် ထိုသူကား နာမည်အတန်ကြီးပေ၏။ အာကသသိပ္ပံအကြောင်း စိတ်၀င်စားသည့် ကျောင်းသားကျောင်းသူများအနေဖြင့် လျန်ကျင်းယွမ်၏ အတန်းအား တက်ရောက်ဖို့ စိတ်အားထက်သန်နေကြရသည့် အကြောင်းရင်းနှစ်ရပ်ကား ဆရာဖြစ်သူ၏ အိန္ဒြေရှိကာ ချောမောလှပေသော ရုပ်ရည်ကြောင့်အပြင်ကို ပါမောက္ခလျန်ကား စကြာ၀ဠာကြီး၏ ရှုပ်ထွေးပွေလီလှစွာသော ပဟေဋိများအကြောင်းအကြောင်းကို ၎င်း၏ တပည့်များနှင့် အတူတကွ ရှာဖွေ ကြည့်ပေးသောကြောင့်ပင် ။

ထိုသူက ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ရုံရှိသေး သူ့မျက်စိရှေ့ကို အရိပ်တစ်ခုက တည့်တည့်မတ်မတ်ရောက်ချလာခဲ့သည်။ လျန်ကျင်းယွမ်လည်း အလိုလျောက် တုံ့ပြန်မှုဖြင့် လက်မြှောက်ဖမ်းလိုက်မိ၏။
ကြွက် အရုပ် တစ်ခုသာ။

"စတီဗင် ဖို့"

ဟယ်ဝေးက ကျောက်ခုံ သေးသေး‌တစ်ခုပေါ်မှာ ထိုင်ရင်း အရောင်စုံဘောလုံးတစ်ခုကို ကြိုးတပ်ထားသည့် ယိုယို အရုပ်အား လက်ထဲ၌ မြှောက်လိုက်ပင့်လိုက် ဆော့ကစားနေခဲ့သည်။

"စတီဗင်က အထီးလား အစ်မလား?
အိမ်မွေးတိရစ္ဆာန် ပစ္စည်းအရောင်ဆိုင်မှာ ဓာတ်ပုံရိုက်ရင် လှလှလေး ဖြစ်အောင် ဝတ်လို့ရမယ့် အထည်တွေ အများကြီး တွေ့ခဲ့တယ်"

လျန်ကျင်းယွမ်က ပြုံးကာ ရုံးခန်းထဲ ၀င်လာရင်း...
"အလုပ်ရှုပ် မခံပါနဲ့ဗျာ...စတီဗင်က အဲ့လိုမျိုးတွေ ကြိုက်တာလည်း မဟုတ်ဘူး..
ဒါပေမဲ့ မင်း သူ့ဖို့ ဝယ်လာပေးတဲ့အရုပ်တွေကိုတော့ သူ ကြိုက်လောက်တယ်"

"အဲ့တာဆိုလည်း ဒီမှာ ငါ ကြောင်စာသံဗူးတွေ ၀ယ်လာတယ်"
ဟယ်ဝေး၏ ခြေရင်းမှာ အိမ်မွေးတိရစ္ဆာန် ပစ္စည်းအရောင်းဆိုင်ကနေ ၀ယ်လာသည့် ပစ္စည်းများဖြင့် ပြည့်နှက်နေသော အထုတ်တစ်ထုတ် ရှိနေခဲ့သည်။ လျန်ကျင်းယွမ်လည်း ထိုပစ္စည်းများကို ထုတ်ယူလိုက်ရင်း....
"ဘာလို့ ငါ့ဆီ အခုလောက် မြန်မြန်ကြီး ပြန်ရောက်လာရပြန်တာလဲ?"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now