အစည်းအဝေးခန်းမထဲ၌ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဟယ်ဝေးက ပြုတ်ကျသည့်အမှုမှ သဲလွန်စများကို တစ်ချက်ချင်းခွဲထုတ်နေ၏။
အသေးစိတ် အလောင်းခွဲစိတ်စစ်ဆေးမှုရလဒ် အစီရင်ခံစာ ထွက်ရှိလာပြီဖြစ်ပြီး အလောင်းခွဲစိတ်မှုမှ ထပ်မံသိရှိရသော ရလဒ်များသည် အခင်းဖြစ်နေရာတွင် ပဏာမ ခွဲစိတ်စစ်ဆေး၍ ကောက်ချက်ချခဲ့သော ရလဒ်များနှင့် ကိုက်ညီနေခဲ့သည်။ ကွယ်လွန်သူသည် မသေဆုံးခင်အချိန်က အမှန်တကယ်ပင် တစ်ဦးတစ်ယောက်၏ တွန်းချခြင်းကိုခံခဲ့ရသည်။အမှုကား ရည်ရွယ်ချက်ရှိရှိနှင့် ကျူးလွန်ခဲ့သော လူသတ်မှုပင်။
ကျောကုန်းတွင် ထိုးနှက်ဒဏ်ရာနှင့် ဘယ်ဘက်လက်ဖျံတွင် ပေါက်ထွက်ဒဏ်ရာတစ်ခု.... အရေပြားအောက်သွေးယိုစီးမှုနှင့် အရိုးပျက်စီးမှုအနေအထားအရ ဘေ့စ်ဘောရိုက်တံ သို့မဟုတ် အခြားလူသတ်လက်နက်နှင့်ဆင်တူသော ဆလင်ဒါသတ္တုချောင်းကြောင့် ထိခိုက်ရခြင်းဖြစ်သည်ဟု ယူဆရသည်။ အတွင်းဒဏ်ရာမရှိသော်လည်း သတ္တုချောင်း၏မျက်နှာပြင်တွင် ကွယ်လွန်သူ၏အရေပြားတစ်သျှူးများ ကပ်ကျန်နေနိုင်ခဲ့ချေများ၏။
သဲလွန်စစစ်ဆေးခြင်း၏ ရလဒ်များအရ ခေါင်မိုးပေါ်မှ ရှာဖွေတွေ့ရှိခဲ့သော ကြယ်သီးပေါ်ရှိ အပ်ချည်မျှင်သည် ချည်ထည်မှ ပြုတ်ထွက်လာရခြင်းဖြစ်ပြီး ထိုကြယ်သီးပေါ်ရှိ လက်ဗွေတစ်ဝက်သည် သေဆုံးသူ ချန်းလဲ့၏ လက်ဗွေရာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဆက်စပ်စစ်ဆေးကြည့်သောအခါ ၎င်းလက်ဗွေရာသည် ညာဘက်လက်မမှ လက်ဗွေ ဖြစ်နေ၏။ လှေကားထစ်များပေါ်ရှိ ဖိနပ်တစ်ဝက်တစ်ပျက် ခြေရာများ ၊ ခေါင်မိုးထပ်အစွန်းရှိ ဖနောင့်ပုံခြေရာနှင့် လက်ရန်းပေါ်ရှိ လက်ဗွေရာများ အားလုံးမှာ သေဆုံးသူ ကျန်ရစ်ခဲ့သည်များ ဖြစ်ကြလေသည်။
"အမှုက အရင်အချိန်တွေ အကြာကြီးကတည်းက ကြိုတင်ပြင်ဆင်ထားပြီး အခုမှ ကျူးလွန်လိုက်ပုံရတယ် ပြစ်မှုကျူးလွန်နေတဲ့အချိန်မှာ လက်အိတ်တွေ ဖိနပ်အကာတွေ ၀တ်ထားသလားပဲ"
YOU ARE READING
ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)
Mystery / ThrillerTitle : 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)