အမြန်ရထားဘူတာရုံအတွင်းက စျေးဆိုင်တန်းများဆီ လိုက်လံ မေးမြန်းကြည့်ပြီးနောက်မှာ အစားအသောက်တန်းထဲက ရှန်းရှီအမည်ရ ခေါက်ဆွဲဆိုင်မှာ ကျောက်ရှန်း ရောက်လာခဲ့ကြောင်းကို အတည်ပြုနိုင်သည့် အချက်များ ရှာဖွေတွေ့ရှိခဲ့ပေသည်။ရဲများက ဆိုင်ပိုင်ရှင်ထံသို့ ကျောက်ရှန်း၏ ဓာတ်ပုံကို ပြကြည့်လိုက်သည့်အခါ ဆိုင်ပိုင်ရှင်အနေနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လေးလောက်တုန်းကမှ တစ်ခြားနယ်က လေယူလေသိမ်းနှင့် ဧည့်သည်တစ်ယောက် ရောက်လာခဲ့ကြောင်းကို သတိရသွားခဲ့သည်။
၎င်းက စျေးဆိုင်ထဲမှ shared power bank တစ်ခုကို qr code သုံး၍ ငှါးယမ်းခဲ့သေးသည်။ သို့ရာတွင် သူ စားလို့သောက်လို့ပြီးတော့ power bank ကို ပြန်အပ်လာသည့်အခါမှာ စက်ချို့ယွင်းမှု ဖြစ်သွားခဲ့ကာ ငွေချေရာ၌ အခက်အခဲ အနည်းငယ် ကြုံလိုက်ရသဖြင့် ဆိုင်ရှင်အနေနဲ့ ထိုဧည့်သည်ကို အထူးအလည် မှတ်မိနေခြင်း ဖြစ်ပေသည်။
"အဲ့ဒီနေ့က ကျုပ်တို့ တော်တော်လေးကို အခက်ကြုံလိုက်ရတာ... သူကလည်း ပြန်ဖို့ကို လောနေပြီး အရေးကြီးကိစ္စလေး ရှိနေလို့ ကြန့်ကြာနေလို့ မရဘူးလို့ ပြောလာတယ်
မတတ်သာတဲ့အဆုံး ကျုပ်ဖက်ကပဲ သူ ချေဖို့ကျန်နေသေးတဲ့ ငွေကို လျှော်ပေးလိုက်ရတော့တာ....
ခေါက်ဆွဲဖိုးတောင် ထည့်မကောက်လိုက်ရဘူး
အဲ့တာအပြင်ကိုမှ ကျုပ် သူ့ကို ဆယ်ယွမ် အကြွေ ထည့်ပေးလိုက်သေးတယ်
power bank ဆိုင်ဖက်မှာက ဒီကိစ္စကို အခုထိ ဖြေရှင်းလို့ မပြီးသေးဘူး ငွေ ချေရတာ တော်တော်လေးကို အကြပ်ရိုက်ရတယ်"
ဆိုင်ပိုင်ရှင်က ငြီးငြူပြလာခဲ့၏။ဝမ်းဟွိုက်ပေ့က မေးမြန်းလိုက်ပေသည်။
"အရေးကြီးကိစ္စက ဘာဆိုတာမျိုး ပြောသွားတာ....ဒါမှမဟုတ်် သူ ဘယ်ကို သွားမလို့ ဆိုတာမျိုး ပြောသွားတာ ရှိသေးလား?"ဆိုင်ပိုင်ရှင်က ခေါင်းယမ်းပြလာခဲ့သည်။
"မရှိဘူး ဒါပေမဲ့ သူ့ကြည့်ရတာ တစ်ယောက်ယောက်နဲ့ ချိန်းထားပုံပါပဲ
သူ စားပြီးတာနဲ့ အဲ့ဒီကို မကြာခင် ရောက်တော့မယ် လို့ ဖုန်းထဲကတစ်ဆင့် တစ်ဖက်ကို လှမ်းပြောနေတာ ကြားလိုက်မိတယ်"
YOU ARE READING
ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)
Mystery / ThrillerTitle : 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)