18-ကြားနိုင်တယ်-

358 79 13
                                    

တုရွမ့်လန် ရင်ခွဲစစ်ဆေးရေးဌာနကို သော့ပိတ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေး‌ရေးဌာနဖက်မှ ဖြတ်လျှောက်လာလိုက်သည့်အချိန် ခေါင်းဆောင်ဟယ်ဝေးတစ်ယောက် သူ၏ရုံးခန်းထဲ၌ ကွတ်ကီးစားရင်း အမှုဖြေရှင်းသည့် documentary ဗီဒီယိုများ ကြည့်နေသည့်ပုံရိပ်ကို မြင်လိုက်ရသည်။

သူမ ပြတင်းပေါက်ကို ခေါက်လိုက်သည့်အခါ ဟယ်ဝေးက အသံလာရာ မော့ကြည့်လာ၏။ တုရွမ့်လန်လည်း ထိုသူ့အား ပြုံးပြလိုက်ရင်း တံခါးတွန်းဖွင့်၍ ရုံးခန်းထဲသို့ ဝင်ခဲ့လိူက်လေသည်။

"အလုပ်ဆင်းပြီလား?"

"အလုပ်ချိန် အခုပဲ ပြီးသွားတာလေ... မင်းရော အလုပ်ပြန်စနေပြီလား?"
သူမက ဝတ်ထားဆဲ အဖြူရောင် ဂျူတီကုတ်၌ပါသည့် အိတ်ကပ်များထဲသို့ လက်ထည့်လိုက်ပြီးနောက် မေးလာခဲ့သည်။

"အိမ်ပြန် ရေမိုးချိုးပြီး‌တော့ အစာစားဖို့တောင် အချိန်မရခဲ့ဘူးလား? အလုပ်ကို တအားကြိုးစားနေချက်ပဲ"

ဟယ်ဝေးက ချီးကျူးစကားကို လက်မခံလိုသူတစ်ယောက်ပီပီ ရှက်ရွံ့စွာဖြင့် ဝန်ခံလာခဲ့သည်။
'........... ဓားပြတိုက်ခံလိုက်ရလို့"

'ဟမ်??"

"အသင့်စား ခေါက်ဆွဲတွေ....... အခိုးခံလိုက်ရတယ်"
သူက ခြောက်ကပ်နေသော ကွတ်ကီးများကို ကိုက်စားလျက်။
"ကျွန်‌တော် နေတဲ့ တိုက်ခန်းမှာ"

တုရွမ့်လန် အံ့သြသွားခဲ့ရသည်။မြို့နယ်တစ်ခုလုံး၏ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်တစ်ယောက်နေထိုင်တဲ့ ရဲသားအဆောင်လို နေရာမျိုးကနေ ပစ္စည်းအခိုးခံလိုက်ရသည်ဆိုသည့် သတင်းက ယုံကြည်နိုင်ဖို့ ခက်ခဲလှပေ၏။

သို့ရာတွင် ဟယ်ဝေး၏ မျက်နှာထားက အတည်ပေါက် ဖြစ်နေလျက် " နောက်နေတာ မဟုတ်ဘူး"ဆိုသည့် အရိပ်အယောင်တွေလည်း ဖော်ပြနေတာမို့ သူမက ကိုယ်ကိုကိုင်း၍ ခန္ဓာကိုယ်၏ တစ်ဝက်နီးနီးကို အနီးနားရှိ ခုံစောင်းပေါ်သို့ တင်ထားလိုက်ကာ သူမ၏ ပါးများကို လက်များဖြင့် အုပ်ကိုင်ထားလိုက်သည်။

"တကယ် သိချင်လွန်းလို့ပါ ဘယ်လိုလူကများ ခေါင်းဆောင်ဟယ်လိုလူမျိုးကို ပစ်မှတ်ထားရဲရတာလဲ?? သက်သေချန်ထားခဲ့တာမျိုး ရှိလား?"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now