အထူးတပ်ဖွဲ့မှ အဖွဲ့၀င်များက ရှလျန်၏ ထိုင်ခုံပတ်ပတ်လည်မှာ ဝန်းရံလိုက်ကြသည်။ ရှလျန်က အသေးစိတ် ချက်ကျလက်ကျဖြင့် ကုဒ်ဖြေနည်း(decryption)အကြောင်းကို ရှင်းပြလာပေး၏။
[decryption = ဖတ်လို့မရသည့် စာများ သတင်းအချက်အလက်များ လျှို့ဝှက်ကုဒ်များကို original format သို့ ပြန်ပြောင်းသည့် နည်းလမ်း]
"ဒါက လုပ်ရတာတော့ တော်တော်လေး လက်ပေါက်ကပ်တယ် ..ဒီလူက proxy server ကို သုံးခဲ့တဲ့အပြင် ရိုးရိုးတမ်းတမ်းဟာလောက် မဟုတ်ဘဲ တကယ့် လုံခြုံရေးအဆင့်မြင့် အမည်မသိ ဆာဗာကို သုံးခဲ့တာ...
နည်းပညာထောက်လှမ်းရေးအဖွဲ့ကို အကူအညီတောင်းပြီးတော့ ဒီ proxy server ရဲ့ ပိုင်ရှင်ကို ရှာကြည့်ခိုင်းလိုက်တော့ ပိုင်ရှင်က မြို့ထဲက မဟုတ်ဘဲ အလှမ်းဝေးတဲ့နေရာက ဖြစ်နေတာ...
ကံကောင်းသွားတာတစ်ခုက logs တွေကို ကြိုပြီးသိမ်းထားလိုက်တာမို့လို့ ဒေတာစင်တာကနေ ဖယ်ကြည့်လိုက်တဲ့အချိန်မှာ......."[proxy server = တစ်ဆင့်ကြားခံ ( A က B ဆီကို ဘယ်အချိန်ရှိပြီလဲ လှမ်းမေးချင်တယ် ဒါပေမဲ့ သူမေးတာကို မသိစေချင်တဲ့အတွက်ကြောင့်နဲ့ C ကို ကြားထဲကနေ တစ်ဆင့် "မင်း B ကို သွားမေးပေးပါလား ဘယ်အချိန်ရှိပြီလဲလို့" ခိုင်းလိုက်ရင် ဒါ C ဟာ A နဲ့ B ကြားက proxy server ဖြစ်သွားမှာပါပဲ
logs = ကိုယ် အသုံးပြုတဲ့ ဒေတာတွေကို သိမ်းပေးထားတာမျိုး
ဥပမာ 'recent websites you visited* တို့ ကိုယ်က c လောက်ရိုက်ရုံနဲ့ cars လို့ ကိုယ်က ရိုက်ရှာဖူးထားတယ်ဆိုရင် logs ကနေ cars ကို တန်းရှာပေးပါလိမ့်မယ်]ဟယ်ဝေးက ရှလျန်၏ ပုခုံးထက်သို့ လက်တင်လိုက်သည်။
"အံ့ဩဖို့ကောင်းတာမှန်းသိပါပြီ..အဲ့တော့ တည်နေရာ အတိအကျက ဘယ်မှာတဲ့လဲ?"ရှလျန်က ဖိုင်တစ်ခုကို ဖွင့်ပြလာခဲ့သည်။
"ဒီမှာပါ..နံပတ် ၅၆ ဖူကျိုးလမ်း
ရှာကြည့်လိုက်တော့ အဲ့နေရာမှာ ဆိုက်ဘာကဖေးတစ်ခု ဖွင့်ထားတာ လာတွေ့ရတယ်လေ...ဒီလို ဆိုင်တွေမှာက ၀က်ဘ်ဆိုက်တွေထဲ log in လုပ်ချင်တဲ့အခါမျိုးမှာဆိုရင် အများပြည်သူသုံး IP တွေနဲ့ပဲ ၀င်လို့ရတယ်...
ဘယ်ကွန်ပျူတာကနေ ၀င်ပြီး အသုံးပြုခဲ့တာလဲ ဆိုတာ သိရဖို့အတွက်ကတော့ ဆိုင်ထဲကို ၀င်ပြီးမှ အတွင်းပိုင်း အင်တာနက်လိုင်းကြီးတစ်ခုလုံးရဲ့ IP လိပ်စာကို သိရမှ ရမှာ"
YOU ARE READING
ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)
Mystery / ThrillerTitle : 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)