30-သက်သေအထောက်အထားများကို အမျိုးအစားခွဲခြားခြင်း-

250 65 1
                                    

ထိုစံအိမ်ကြီးထဲမှာလည်း စကြ၀ဠာနှစ်ခု ထပ်သွားနိုင်ခြေ ဖြစ်နိုင်မှုအကြောင်း ထည့်သွင်းစဉ်းစားကြည့်လိုက်ပြီးနောက်မှာ ဟယ်ဝေးနှင့် ချန်ဇယ်ရှန်းတို့အတွက် ၎င်းတို့လက်၀ယ်ရရှိထားသည့် သက်သေများကို ပြန်လည်ခွဲခြားကြည့်ဖို့ လိုအပ်လာလေသည်။

သူတို့ အဓိက လုပ်ရန် လိုအပ်သည်မှာ ဘယ်အပိုင်းကတော့ ဘယ်သူ့အမှုနဲ့ သက်ဆိုင်နေတာများလဲ
ဘယ်သက်သေ ဘယ်အထောက်အထားကတော့ တစ်ခြားကမ္ဘာက အရာတွေ ရောပါနေတာလဲဆိုတာကို ခွဲခြားကြည့်ဖို့ပင်။

"မင်းအနေနဲ့ ဒီအမှုနှစ်ခုက ရှေ့ဆင့်နောက်ဆင့် ဖြစ်ခဲ့တာလို့ ထင်လား တစ်ခုနဲ့တစ်ခု ဘာမှ မဆိုင်ဘူးလို့ထင်လား?"
ဟယ်ဝေးက မေးကြည့်လိုက်ခြင်းပင်။

"အမှုနှစ်ခုက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတဲ့ ဖြစ်နိုင်ချေက ပိုများနေတယ်"

ချန်ဇယ်ရှန်းလည်း အလောင်းခွဲစိတ်စစ်ဆေးချက် ရလဒ်အဖြေတွေထဲက ဆင်တူဖြစ်နေမှုတစ်ချို့ကို ထောက်ပြလိုက်ပြီး တစ်နေရာတည်းမှာ ပြိုင်တူဖြစ်ခဲ့သည့် အထောက်အထားများအား ပြသလိုက်လေသည်။

သူ၏ သုံးသပ်ချက်အရဆိုလျှင် သေနတ်ပစ်ခံရသည့်အမှု အရင်ဖြစ်ပြီးကာမှ ကြိုးဖြင့်ရစ်သတ်သည့် အမှုက နောက်ကနေ ဆက်ဖြစ်သည့်ပုံ။

သူက စာရွက်အလွတ်တစ်ခုပေါ်မှာ အခင်းဖြစ်နေရာကို ကြည့်ရလွယ်ကူစေမည့်ပုံဖြင့် ပြန်ဆွဲလိုက်၍ ထိုပုံထဲမှာတင် ကမ္ဘာနှစ်ခုဆီက အလောင်းပုံများနှင့် ခြေရာထင်နေသည့်အရာများကို ရေးခြစ်ပြလိုက်သည်။

"မြင်မလားတော့မသိဘူး...
အခင်းဖြစ်နေရာကသာ ဒီတစ်နေရာတည်း ဖြစ်နေခဲ့မယ်ဆိုရင် အမှုဘယ်လိုဘယ်ပုံဖြစ်ခဲ့တာလဲဆိုတာကို ပြန်ပုံဖော်ကြည့်တဲ့အခါကျ ပြစ်မှုကျူးလွန်သူက ချန်ဇယ်ရှန်းကို အရင်သတ်ခဲ့လိမ့်မယ်
အဲ့တာပြီးတဲ့နောက် ဟယ်ဝေးနဲ့ ရုန်းရင်းဆန်ခတ်ပြီး နောက်ဆုံးမှာ ဟယ်ဝေးကိုပါ သတ်ပစ်လိုက်တာ"

"မင်းရဲ့သုံးသပ်ချက်ကလည်း ဆီလျော်မှုရှိနေတယ်ဆိုပေမယ့် အမှုနဲ့ပတ်သတ်ပြီး တစ်ချို့ငါတို့ ရှာမတွေ့ရသေးတဲ့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးကျန်နေသေးတယ်"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now