9-လုပ်ဖော်ကိုင်ဖက် ဖြစ်နေနိုင်-

356 66 2
                                    

ဟယ်ဝေး ဌာနကိုပြန်ရောက်တော့ မိုးလင်းနေခဲ့လေပြီ။ ချန်ဇယ်ရှန်း၏ မိသားစုက အလောင်းကို အတည်ပြုဖို့ ရောက်လာခဲ့ကြ၏။
သူ့အဖေက ကနေဒါမှာရှိနေတုန်းမို့ ဒီကိုပြန်လာဖို့ အမြန်ဆုံး လေယာဉ်လက်မှတ် မှာထားပြီးသားဖြစ်ကြောင်း သိရသည်။

သူ့အမေ တင်းရှန်း သာလျှင် သူ့သားနှင့်အတူ ဖျော်ဖြေပွဲ tour တစ်လျှောက် လိုက်ပါအဖော်ပြုပေးနေသူ ဖြစ်၏။ ယခု သူမ၏မျက်စိရှေ့တွင် သားဖြစ်သူ၏ရုပ်အလောင်းကို မြင်လိုက်ရသော် တင်းရှန်း ပြိုလဲကျကာ အလောင်းပေါ်သို့ တစ်ကိုယ်လုံး အုပ်မိုး၍ သား ဖြစ်သူအား လက်လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။

ယနေ့ ဌာနချုပ်ထဲ၌ ခါတိုင်းထက်ပို၍ ရှုပ်ယှက်ခတ်နေကြသည်။ မီဒီယာကြီးများအနေဖြင့် မည်သည့်နေရာကမှ သတင်းမယူနိုင်ဘဲ တံခါးဝတွင် အတူငုတ်တုတ်ထိုင်စောင့်နေကြရသည်။ ဟယ်ဝေးလည်း  လိုက်ကာတွေကို ဖွင့်ကြည့်လိုက်တော့ အောက်ထပ်၌ စောင့်နေကြသည့် လူအုပ်ကြီးကို မြင်လိုက်ရပြီး သက်ပြင်းချမိ၏။
“အခု ဖိအားက အဖက်ဖက်ကနေ များလာနေပြီ သူတို့တွေဆီ သွားရင်ဆိုင်လိုက်ရတော့မလား?”

“သေဆုံးသူက နာမည်ကျော်တစ်ယောက်ဖြစ်ပြီးတော့ သူ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အမှုက လူထုအပေါ် မကောင်းတဲ့ဖက်ကနေ အများကြီး သက်ရောက်မှု ရှိတယ်….အထက်က ညွှန်ကြားချက် ထုတ်ပြန်တာမျိုးတွေ လုပ်လာမှာပဲ"

ကျန်းဖူရွေ့က လက်တစ်ဖက်တွင် ရေနွေးအိုးကိုကိုင်လျက်။
  "မီဒီယာကနေ စောင့်ကြည့်နေတာတွေလည်း ရှိသေးတယ်…ဖောင်တိန်ကို အရုပ်ကစားသလို ကစားနေတဲ့ အဲ့ဒီလူတွေကို ကိုင်တွယ်ဖို့ကလည်း မလွယ်ကူလောက်ဘူး…ငါတို့အမှားတစ်ခုခုလုပ်မိရင် သူတို့ကချက်ချင်း ဝေဖန်ကြတော့မှာ.”

ဟယ်ဝေး က ပြုံးလိုက်မိ၏။
“ခင်ဗျားမှာ ဟာသဉာဏ်ရှိနေသေးတာပဲ….ပြီးရောလေ ကျွန်တော်အမှုကိုပဲ အရင်ဆက်စုံစမ်းလိုက်ဦးမယ်  'ညွှန်ကြားချက်' တစ်ခုခုရှိလာရင် ခင်ဗျားပဲ ဦးဆောင်ပြီး ကြေညာထားလိုက်"

စကားပြောအပြီး သူ အကြီးအကဲရုံးခန်းထဲမှ ထွက်ခွာတော့မည့်အချိန်တွင် ကျန်းဖူရွေ့က တားမြစ်လာခဲ့သည်။
“ရှောင်ဟေး ခဏ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်”

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now