21-ထိပ်တိုက်တွေ့ဆုံခြင်း-

361 79 18
                                    

ချန်ဇယ်ရှန်းအဖို့ လောလောလတ်လတ်မှ တွေ့ထားဖူးသည့် "ဟယ်" မျိုးရိုးနှင့် လူက နှစ်ယောက်သာ ရှိသည်။
တစ်ယောက်မှာ အသေးအမွှားလေးကအစ ပြစ်တင်ပြောဆိုနေ၍ မျက်နှာ မှုန်သုန်နေတတ်သော ဟယ်လု ဖြစ်၍ နောက်တစ်ယောက်မှာမူ ရေခဲတိုက်ထဲ၌ လဲလျောင်းနေရဆဲ ၊ ဘယ်အချိန် မီးသင်္ဂြိုလ်ရမလဲမသေချာသေးတဲ့ ဟယ်ဝေး ဖြစ်လေသည်။

သို့ရာတွင် အိမ်၌ ကြုံတွေ့ခဲ့ရသည့် သဘာ၀လွန်အဖြစ်အပျက်နှင့် သတိပေးစာလိုလို မှတ်စုစာရွက် လက်ခံရရှိအပြီးမှာ
ချန်ဇယ်ရှန်းတစ်ယောက် ဘယ်လောက်ပဲ ပြင်းထန်လှတဲ့ မုန်တိုင်းတွေကို ဖြတ်ကျော်ထားဖူးသူ ဖြစ်နေပါစေ ကျောရိုးတစ်လျှောက် ကြက်သီးထဖွယ်ခံစားချက်ကြီး ဖြတ်ဆင်းသွား၍ သူ၏ စိတ်ထဲတွင် ဂျပန် တောင်ကိုရီးယား ထိုင်းနိုင်ငံမှ ဂန္တ၀င်မြောက် သရဲကား အကြောင်းတွေက စိတ်ထဲပေါ်ချလာရသည်။

[ငါ ၀ယ်ထားတာတွေကို မထိနဲ့]
ရိုးရှင်းလှတဲ့‌စာကြောင်းလေး တစ်ကြောင်းတည်း ဆိုသော်ငြား အမုန်းအာဃာတတွေ မည်မျှ ပါ၀င်နေကြောင်း သိသာလှသည်။

ချန်ဇယ်ရှန်း သူ့ကိုယ်၌တော့ အပြစ်ကင်းသည်ဟု မြင်မိ၏။

ဘယ်လိုပဲပြောပြောလေ
သူ အသင့်စား ခေါက်ဆွဲခြောက်ဘူးတွေကို တစ်ခြင်းစာတောင် ပြန်၀ယ်ထားပေးတဲ့အထဲက ထပ်ပြီး နှိုက်မစားမိပါဘူးနော်!

သူ အမြဲတွေးထင်ထားခဲ့မိတာက ထိုအသင့်စားခေါက်ဆွဲခြောက်ဘူးများမှာ သူတစ်ခါမှ မဆုံရသေးသော အခန်းဖော်က ၀ယ်ထားသည်များဟုသာ မှတ်ထင်ထားခဲခြင်းပေ။

အခုမူ အတွေးက နှစ်ခွ ဖြစ်လာခဲ့ရချေပြီ။

ထို မဆုံ‌ရသေးသော အခန်းဖော်က ဝိဉာဉ် ဖြစ်ရင်ဖြစ်
မဖြစ်ရင် သူ့ကိုလာပြီး လှည့်ကွက်တွေနဲ့ ဆော့ကစားနေသူပဲ ဖြစ်ရမည်။

အမြဲတမ်း လက်တွေ့ကျကျဖြင့် မျက်စိနှင့်မြင်ရမှသာ ယုံကြည်တတ်သူ တစ်ယောက်အဖို့ ချန်ဇယ်ရှန်းမှာ အတုံ့အဆိုင်းမရှိ ဒုတိယအချက်ကိုသာ ပစ်ယုံပစ်လိုက်သည်။

သူ၏ ခန့်မှန်းချက်အရ သူ့အခန်းဖော်မှာ
နှစ်ကြိမ်တိုင်တိုင် သူ့မုန့်တွေ ယူစားခံလိုက်ရတာတောင် လာရောက်မနှုတ်ဆက်ခံရသည့်အတွက် စိတ်ဆိုးစွာဖြင့် သူ့အား ခြောက်လှန့်ရန်
ကြံစည်ခဲ့သည်ဟူ၍ ပုံဖော်ကြည့်မိသည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now