40 -ညခင်းအခါ အိပ်မက်-

250 54 21
                                    

ချန်ကျန့်ချင်းအား ရှာဖွေတွေ့ရှိပြီး ယခုမူ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားသိရသည့်အချိန်တွင် တင်းရှန်းမှာ ရဲစခန်းသို့ တကူးတက လာရောက်ပြီး လူကိုယ်တိုင် အတည်ပြုစစ်ဆေးကြည့်ခဲ့လေသည်။

လက်ထဲတွင် လက်ကိုင်ပဝါတစ်ထည်ကို ဆုပ်ညှစ်ထားလျက် သူမကား စိတ်လှုပ်ရှားနေမှုတို့ရော မျှော်လင့်တကြီး စောင့်စားနေမှုတို့ပါ ရောထွေးနေခဲ့သည်။ သူမမှတ်ဉာဏ်ထဲတွင် ကျန်ရှိနေသည့် သားကြီးဖြစ်သူ၏ ပုံရိပ်မှာ ကလေးအရွယ်၌သာ ရပ်တန့်နေခဲ့ပြီး ယခုမူ နှစ်ပေါင်း သုံးဆယ်ကျော်တောင် ကြာမြင့်ခဲ့လေပြီ။ ကိုယ့်၀မ်းနဲ့လွယ် မွေးခဲ့ရတဲ့ သားဦးအား မှတ်မိနိုင်လောက်ဦးမည်လား?

ကော်ရစ်ဒါလျှောက်လမ်းမှ တစ်ဆင့် လူနှစ်ဦးက သူမထံသို့ ချဉ်းကပ်လာခဲ့သည်။ တင်းရှန်း မတ်တပ် ထရပ်လိုက်၍ အရပ် ထောင်ထောင်မောင်းမောင်းနှင့်လူ အနားကပ်လာတာကို ကြောင်အမ်းစွာ ရပ်ကြည့်နေခဲ့မိ၏။ ထိုလူ၏ မျက်နှာမှာ ချန်ဇယ်ရှန်းနှင့် အတော်လေး ဆင်တူပေသည်။ တမဟုတ်ချင်းပဲ တင်းရှန်းမှာ မျက်ရည်များ ဖြိုးဖြိုးဖြိုက်ဖြိုက် ကျဆင်းလာခဲ့ရတော့သည်။

"သား.....ကျွန်မ မှားစရာအကြောင်းမရှိပါဘူး..ဒါ ကျွန်မသားပဲ
ကျန့်ချင်း...သား"

တင်းရှန်းကို မြင်ရသည့်အခါတွင်မူ ချန်ကျန့်ချင်း၏ မျက်နှာထက်တွင် ခံစားချက်အပြောင်းအလဲတို့အား သိသိသာသာ မြင်တွေ့နိုင်ပေသည်။ သူက ကတုန်ကယင်ဖြစ်စွာဖြင့် အသံ တို့လည်း တုန်ရီနေခဲ့ကာ ...
"အမေ"

တင်းရှန်းက ကပျာကယာဖြင့် ရှေ့သို့ ခြေလှမ်းတိုးသွားပြီးနောက် ချန်ကျန့်ချင်းအား တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့လိုက်၍ စကားတို့ ထွက်ကျလာဖို့အတွက်မူ မျက်ရည်များကြောင့် မစွမ်းသာခဲ့။

"သား အမေတို့ဆီကနေ ‌ပျောက်သွားခဲ့တာ ဒီလောက် နှစ်နဲ့ချီနေတာကို ဘာလို့ ဒီလောက်အချိန်တွေအကြာကြီး ‌အမေတို့ဆီ ပြန်မလာခဲ့ရတာလဲ? အမေတို့ သားကို လေးနှစ်တိတိ မနားတမ်း လိုက်ရှာနေခဲ့ကြတာ..
ချန်ဇယ်ရှန်းလေးကို ရပြီးတဲ့နောက်ကျ အမေလည်း ရင်ကွဲနာကျပြီး ဒီဘ၀မှာတော့ သားကို ဘယ်တော့မှ ပြန်မတွေ့နိုင်လောက်တော့ဘူးလားဆိုပြီး လက်လျှော့ခဲ့လိုက်မိတယ်"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now