16-လူနှစ်ကိုယ်ခွဲ-

328 64 1
                                    

ချန်ဇယ်ရှန်းလည်း ဌာနသို့ ဟယ်ဝေးအိမ်မှ ရှာဖွေတွေ့ရှိခဲ့သော ဆေးစာမှတ်တမ်းများနှင့် ဆေးဝါးများကို သယ်လာခဲ့လိုက်သည်။

ထို့အပြင် ကနဦး စေလွှတ်ခံရသည့် ရှာဖွေရေးအဖွဲ့ထံသို့ ဆက်သွယ်၍ မှတ်လောက်သားလောက်အောင် ဆူငေါက်လိုက်၏။

"မင်းတို့ကောင်တွေ အလုပ်ကို ဘယ်လိုလုပ်နေကြတာလဲ? ဒီလောက် အရေးကြီးတဲ့ဟာကိုတောင် တွေ့အောင် မရှာကြဘူးလား!"

ရှာဖွေရေးအဖွဲ့၏ ခေါင်းဆောင် ရှောင်ဖန်က အပြစ်မရှိသလို မျက်နှာထားမျိုးဖြင့် ပြောလာခဲ့သည်။

"ဒုခေါင်းဆောင် စိတ်လျှော့ပါဦး...
ကျွန်တော်တို့က အမှုနဲ့သက်ဆိုင်လောက်မယ့် သဲလွန်စတွေကိုပဲ အဓိကရှာကြည့်ခဲ့တော့ အခုလို အချက်အလက်တွေကို သတိမပြုလိုက်မိတာပါ...."

"ဒါက အမှုနဲ့ မဆို‌င်လောက်ဘူး ထင်လို့လို့ ပြောချင်တဲ့သဘောလား? ဒီဟာလောက် ဆိုင်တာ ဒီဟာပဲရှိတယ်!"

ချန်ဇယ်ရှန်းလည်း ပန်းနာရင်ကျပ် ရှူဆေးဘူးကို စားပွဲခုံပေါ် ပစ်တင်လိုက်သည်။

"အခုဆိုရင် နစ်နာသူက ဘယ်လိုလူမျိုးလဲဆိုတာတောင် သေချာမသိ‌နိုင်တော့ဘူးကွ!"

ရှောင်ဖန်နှင့် သူ၏ နောက်လိုက်သားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အံ့ဩသွားရသည်။

"ဒုခေါင်းဆောင် ဘာ‌သဘောလဲ? သေဆုံးသူက ဟယ်ဝေး မဟုတ်ဘူးလား?"

ရှန်းယန်က ဘေးနားမှ ၀င်၍ ခက်ခက်ခဲခဲ ရှင်းပြပေးလာရှာသည်။

"သူ ဟုတ်ချင်မှလည်း ဟုတ်မယ် သူ မဟုတ်နေနိုင်တာလည်း ဖြစ်နိုင်တယ် အခုလောလောဆယ်မှာ တပ်အပ် ပြောဖို့ ခက်သွားပြီ"

သူကိုယ်တိုင်လည်း ရှင်းသာရှင်းပြပေးလိုက်ရတယ် အဖြေကို မသိရသေးချေ။
ယခုရှာဖွေတွေ့ရှိလာတဲ့ ပစ္စည်းတွေအရ ဟယ်ဝေးမှာ နှစ်လရှည်ကြာသော ပန်းနာရင်ကျပ် ရှိမှန်း သိလာရပြီ‌ဆိုပေမဲ့
‌ဆေးလိပ်လေး တစ်ခါ ၀င်၀ယ်တာကို မြင်ပြီး သေဆုံးသူက ဟယ်ဝေး မဟုတ်ပါဘူးလို့ ကောက်ချက်ချလိုက်တာကလည်း ဆီလျော်မှုမရှိချေ။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now