28-ထုတ်ဖော်ခံရခြင်း-

322 64 5
                                    

ချန်အိုက်ယွဲ့က သက်သေပစ္စည်းထည့်သည့် သေတ္တာကို ကိုင်ဆောင်လျက် ရှန်းယန်ကမူ နောက်က လိုက်ပါရင်း
ချန်ဇယ်ရှန်းပါ တစ်ပါတည်း သုံးယောက်သား
တောကြီးမျက်မည်း အတွင်းကျကျ နေရာထဲ၌ နစ်မြုပ်နေသော စံအိမ်ကြီးထံသို့ တစ်ခေါက်ပြန်လာ စစ်ဆေးကြည့်ကြသည်။

အကုန်လုံး လိုအပ်သည့် အကာအရံအ၀တ်အထည်များကို ကျကျနန ၀တ်ဆင်လိုက်ရ၏။ ချန်အိုက်ယွဲ့က မေးလာခဲ့သည်။
"ဒုခေါင်းဆောင်ချန်...
ဘာလို့ရုတ်တရက်ကြီး သေနတ်ယမ်းမှုန့်အကြွင်းအကျန်တွေကို ရှာကြည့်ဖို့ စိတ်ကူးပေါက်သွားတာလဲ?"

ရှန်းယန်သည်လည်း ထိုမေးခွန်းကို မေးချင်နေခဲ့သည့်နည်းတူ စိတ်၀င်တစား လှည့်ကြည့်လာသည်။
ချန်ဇယ်ရှန်းကမူ ပေါ့ပေါ့ပါးပါးပဲ လည်ချောင်းရှင်းလိုက်၏။

"ငါ့ရဲ့ အသိ အကြံပေးတစ်ယောက်က သုံးသပ်ပြလာတာ ရှိလို့လေ"

"အိုးဟိုး အဲလယ့်
အချောအမော ချန်မျိုးရိုးလေးတောင်မှ အပြင်လူရဲ့အကူညီကို ယူနေရတဲ့အဆင့်ရောက်သွားပြီလား? ရှားပါးပြီး မူမမှန်နေဘူး"

ချန်အိုက်ယွဲ့ကမူ မျက်ခုံးပင့်၍ မခို့တရို့ ပြုံးလိုက်လေသည်။
"ရှင် သိလား.....
ဌာနက ကျွန်မတို့တတွေရဲ့ ကြားထဲမှာ ရှင့်ရဲ့ တရားမ၀င် nickname က The Four စီးရီးထဲက "အသည်းနှလုံးမရှိသူကြီး" တဲ့လေ"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ရှင်က အမြဲတမ်းလိုလို မိတ်ပေါင်းဆွေဖြစ် အကူအညီလည်း လက်မခံဘဲနဲ့ ဘယ်သူ့ကိုမှလည်း အကူအညီတောင်းဖူးတာမျိုး မရှိလို့လေ...တကယ် အသည်းနှလုံးမရှိချက်"

".........."
ချန်ဇယ်ရှန်းလည်း အာလာပသာလာပများ ဆက်မပြောနေ‌ချင်တော့သည့်အတွက် ဆိုဖာ‌ခုံကိုသာ ညွှန်ပြရင်း စကားခေါင်းစဉ်လွှဲလိုက်တော့သည်။

"အဓိကက အဲ့နေရာ...
အပ်ချုပ်ရာနဲ့ ချုပ်ရိုးကြောင်းတွေကတော့ အစောကြီးကတည်းက သေချာလေး စစ်ဆေးကြည့်ပြီးပြီ"

ရှာဖွေရေး လုပ်ငန်းစဉ် တစ်ဖန်ပြန်စရတော့သည်။
ရှန်းယန်က မျက်နှာပြင် screen အသေးစားလေးတစ်ခုကို ကိုင်ထားပြီး ချန်အိုက်ယွဲ့ကမူ ရွေ့လျားနိုင်သော အိတ်ဆောင်ကင်မရာမိုက်ခရိုစကုပ်နှင့် ဆိုဖာမျက်နှာပြင်ပေါ်သို့ ဖြည်းဖြည်းချင်းစီ ရွှေ့‌ကြည့်နေခဲ့သည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now