5-ဖုံးကွယ်ထားသော မတော်တဆမှု-

527 91 1
                                    

ဘယ်သူမှ ဒီမိသားစုအ‌တွင်းရေးက အခုလောက်ရှုပ်ယှက်ခတ်နေခဲ့လိမ့်မယ်မှန်း မထင်ထားမိခဲ့ချေ။

ဦးလေးနဲ့ တူက မိန်းမတစ်ယောက်တည်းနဲ့ ပတ်သတ်နေကြပြီး ပိုပြီး အံ့ဩဖို့ကောင်း‌တာက ဒီအကြောင်းကို အိမ်နီးနားချင်းပတ်ပတ်လည်ကလည်း အကုန်လုံး သိနေကြသည့်ပုံပင်။

ဒီလောက်အခြေအနေထိ ဖြစ်ထားကြတာတောင် ကွာရှင်းကြမယ့်ပုံလည်း မပေါ်ခဲ့သည့်အပြင် အမိုးတစ်ခုအောက်မှာ အေးအေးချမ်းချမ်းနေနေခဲ့ကြပုံက အတော်လေးကိုမှ ထူးဆန်းနေလေသည်။

ဟယ်ဝေးမှာတော့ အထူးတလည် အံ့အားသင့်သွားတာမျိုး မဖြစ်မိ။ သူ့အနေဖြင့် စုံစမ်းရေးအဖွဲ့ထဲမှာ လုပ်ကိုင်လာတာ နှစ်နဲ့ချီနေပြီမို့
သူ မသိ မကြားဖူးတဲ့ အရာ မရှိသလောက်နီးပါးပင် ဖြစ်လာခဲ့ရသည်။

မနှစ်ကကြုံဖူးသည့် အမှုတစ်ခုဆိုလျှင်
သားအရင်းလုပ်သူက ကိုယ့်အမေကိုယ် ပြန်ကြိုက်ပြီး ဖခင်အပေါ် သ၀န်တိုစိတ်ဖြစ်ကာ ညလယ်ခေါင် ဖအေကို ‌၀က်အူလှည့်ဖြင့် ထိုးသတ်ခဲ့မှု ဖြစ်ပွားခဲ့လေသည်။

သူ ပန်ပင်းဟိုင်၏ ပုံပန်းသွင်ပြင်ကို ပြန်ပုံဖော်မိ၏။
လူက အသားခပ်ညိုညို ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ရာထူးမှာ ဟိုတယ်ပိုင်ရှင် ဖြစ်သည်။

သူ့အနေဖြင့် သေဆုံးသူနှင့် စီးပွားဘဏ္ဍာရေးတို့နှင့် ခံစားချက်ပိုင်းရော အခြေအတင်ဖြစ်ခဲ့ပုံပေါ်တာမို့
ထိုသူက ရာဇ၀တ်မှု ကျူးလွန်လိုက်သည့် ဖြစ်နိုင်ချေကလည်း များပြားလွန်းလှသည်။

သို့ရာတွင် ဟယ်ဝေးအတွက်မူ အမှုများကိုင်တွယ်လာသည့် အတွေ့အကြုံများဖြင့် အလိုလျောက်သိစိတ်အရ အမှုက အခုထိကို တစ်ခုခုက ကြားထဲမှာ ချိတ်ဆက်မှု ပျောက်ဆုံးနေဆဲဟု ခံစားနေမိသည်။

"လောင်ဟယ် ငါပြောတာကို နားထောင်ဦး
မထင်ထားတဲ့ သဲလွန်စ တစ်ချို့လည်း ရခဲ့သေးတယ်"

ချုံကျန့်က ဓာတ်ပုံတစ်ပုံကို ထုတ်၍ လက်ထဲထည့်ပေးလာခဲ့သည်။

ပုံထဲရှိ လူမှာ ဆံပင်တို့ဖြူစွတ်နေလျက် အသက်ကြီးသော်လည်း မပျက်စီးသေးသော အဘိုးအိုတစ်ယောက်၏ ပုံဖြစ်လေသည်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now