34-ဖမ်းဆီးခြင်း-

298 72 3
                                    

ဖူရှန့်ကျင်းလုံပန်းခြံသည်ကား မြို့တွင်းရှိ ဗီလာအိမ်ရာများ စုဝေးရပ် ဖြစ်ကာ
၎င်း၏ တည်ရှိမှုကား ချန်ဇယ်ရှန်း၏နေအိမ်ရှိသည့် ဗီလာလိုမျိုး ဆယ်လီဘရစ်တီ ရပ်ကွက်နဲ့ ခြားနားနေပေသည်။
ထိုခြားနားချက်မှာ လုံခြုံရေးပိုင်းတစ်ခုတည်းကြည့်ရုံဖြင့် သိသာနေလှ၏။ လူတန်းစား မတူညီရုံဖြင့် ကွဲပြားသွားပုံမှာ သိသိသာသာ..

ဤရပ်ကွက်ထဲတွင် နေထိုင်ကြသူ အများစုမှာ လူကြီးသူမအရွယ်တွေ ပေါများပြီး ချန်ကျန့်ချင်း ရှိနေမည်ဟု ထင်ရသည့် ဗီလာမှာ အဘိုးအဘွားတွေနေထိုင်သည့် အိမ်ကြီးနှစ်အိမ် ပတ်ပတ်လည် ဝိုင်းရံထားခြင်း ခံရလေသည်။

ဗီလာအိမ်များ အားလုံးမှာ အနောက်ဖက် ခြံထဲတွင် မုန်ညင်းရွက် ၊ ပဲတောင့်စေ့ ၊ ကြက်သွန်မြိတ်အစရှိသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်သည့် ခြံများ ပါရှိတာကြောင့် ပတ်၀န်းကျင်များမှာ အုပ်မှိုင်းစိမ်းစိုလျက် သဘာ၀ပေါက်ပင်များဖြင့် စည်ကား‌နေပေသည်။

"ဒီဖက် ဘေးအိမ်က လူမနေတာဖြင့် တော်တော်ကြာလှနေပြီဆိုပေမယ့် လူငယ်လေးနှစ်ယောက် အ၀င်အထွက် လုပ်နေတာတော့ ခဏခဏ မြင်နေရတယ်..
အခုတလောဆို အခေါက်ရေက စိပ်စိပ်လာပြီး အဲ့ဒီထဲက တစ်ယောက်ဆို ဒီမနက်ကတင်ပဲ အိမ်ရှေ့ လှေကားစင်မှာ ‌မြင်လိုက်မိသေးတယ်"

"မဟုတ်မှ ဒီတစ်ယောက်များလား?"
ချုံကျန့်လည်း လမ်းကြားနောက်ထဲမှ စောင့်ကြည့်ကင်မရာမှတ်တမ်း ဗီဒီယို အပိုင်းအစလေးကို ပြကြည့်လိုက်သည်။

ထို လူကြီးက မျက်မှောင်ကြုတ်ကြည့်၍ အချိန်အနည်းငယ်ကြာမှ ခေါင်းညိတ်ပြလာ၏။
"သူပဲ ဖြစ်မှာပါ..ကိုယ်လုံးကိုယ်ပေါက်က ခပ်ဆင်ဆင်ပဲ..
ဒါပေမဲ့ သူက အမြဲ နှာခေါင်းစည်းအမည်းရောင် တပ်ထား‌တတ်တော့ မျက်နှာပေါက်က ဘယ်လိုရှိတယ်ဆိုတာတော့ သေချာ မသိဘူး"

"သူ ဒီမနက်က ရောက်လာပြီးမှ တစ်ခေါက် ပြန်ထွက်သွားတာ မြင်မိသေးလား?"

အိမ်နီးချင်းလူကြီးက ခေါင်းခါ၏။
"မမြင်မိသေးဘူး ထင်တယ်နော်...သူ့ ဗီလာက လမ်းအဆုံးမှာရှိတာဆိုတော့ အဲ့ဒီကနေ ဘယ်သူပဲ ထွက်လာထွက်လာ ဦးတို့ အိမ်ရှေ့ ဂိတ်ပေါက်ကနေ ဖြတ်သွားရမှာပဲ...
ဦး ဒီတစ်မနက်ခင်းလုံး ခြံထဲမှာ အသီးအရွက် ခူးနေတာ
ပြန်ထွက်သွားတာတော့ မမြင်မိသေးဘူး"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now