15-Future Domain 404-

350 63 3
                                    

ဟယ်ဝေးလည်း Future Domain အနီးရှိ အမိုးဖွင့်ကားပါကင်တွင် ကားကို ရပ်လိုက်လေသည်။ ချုံကျန့်က ကားထဲမှ ထွက်လာပြီး လေချွန်သံ တစ်ချက် ပြုလာ၏။

"မဆိုးဘူးပဲ..... အစိုးရရဲ့ ဒီဇိုင်းပိုင်း အမြော်အမြင်တွေကတော့ တော်တော်လေး တိုးတက်လာပြီ ပြောရမယ်"

အဆောက်အအုံ၏ အပြင်ပိုင်းတစ်ခုလုံးတွင် မီးခိုးဖက်သန်းသော အပြာရောင်သုတ်ထား၍ တစ်ထပ်ချင်းစီကို နို့နှစ်‌ရောင် အစင်းကြောင်းများဖြင့် ပိုင်းခြားထားသေးသည်။ ဘေးဘက်တွင် ကြယ်ပုံသဏ္ဍာန် မီးလုံးများနှင့်လည်း အလှဆင်ထားသောကြောင့် ကြယ်ရောင်စုံသော ညကောင်းကင်နှင့် လိုက်ဖက်သွားစေ၏။

ဟယ်ဝေးလည်း တစ်ချက်ကြည့်ရုံ ကြည့်လိုက်ပြီး လက်ကို အိတ်ကပ်ထဲထည့်ကာ တိုက်ခန်းတွင်းသို့ ဝင်လာခဲ့လိုက်လေသည်။
ချုံကျန့်က သူ့နောက်မှ လိုက်ပါ၍ ချီးကျူးစကားများကို မနားတမ်း ပြောနေခဲ့သည်။

"လူတိုင်း ဒီနေရာကို ရချင်လွန်းလို့ အပြေးအလွှား လျှောက်လွှာတွေတင်ကြတာလည်း သိပ်အံ့သြဖို့တောင် မကောင်းတော့ဘူး အပြင်ဖက်က မြင်ရတဲ့ အပြင်အဆင်တွေက ဌာနက ပေးတဲ့ အဆောင်ခန်းတွေထက်စာရင် အများကြီး ခေတ်ဆန်သွားတယ်....အခုလက်ရှိ အဆောင် အဆောက်အအုံကကျ မီးခိုးမှိုင်းအရောင်ကြီးအပြင်ကို အဆောင်ထိပ်မှာ ရဲတံဆိပ်ဆိုင်းဘုတ်ကြီး အကြီးကြီး ဆွဲထားမှ‌တော့ ဘယ်သူက အဲ့တာကို အဆောင်တိုက်ခန်းပါလို့ ထင်ပါတော့မလဲ ...
လူတွေပါးစပ်ထဲ ထိန်းသိမ်းရေးစခန်းကြီးကျနေတာပဲလို့ ပြောတာတွေ ကြားပါများပြီး ကိုယ်တိုင်လည်း အဲ့အတိုင်းပဲ ခံစားရတော့တယ်"

"ဇာတ်လမ်းတွေလျှောက်ထွင်နေတာ တော်လိုက်စမ်းပါတော့ကွာ ငါဖြင့်အဲဒီမှာနေလာတာ နှစ်နဲ့ချီနေပြီကို မင်းလိုမျိုး တစ်ခါမှ မခံစားဖူးပါဘူး"

"ဘယ်ကို လာ ယှဉ်နေတာလဲ....အမှုတွေကို ကိုင်တွယ်ဖြေရှင်းတာကလွဲရင် တစ်ခြား စီမံခန့်ခွဲရေးတွေအကုန် မင်းဟာမင်း လုပ်တာ ဘာရှိဖူးလို့တုန်း.....အခု အိမ်ပြောင်းတာလည်း သူများက အကုန်ရွှေ့ပေးရတာကို....."

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now