6-လှိုင်းတစ်ခုငြိမ်သက်သွားချိန်မှာ နောက်ထပ်လှိုင်းတစ်ခုက ထပ်မံလှုပ်ခတ်ပြန်တယ်-

492 84 1
                                    

ယွင်ရှောင်းရှောင်က ခရီးပန်း၍ ပြန်လာရသည့်ပုံပေါက်နေခဲ့ကာ ရှလျန်က ‌သူမနောက်မှ ကောက်ကောက်ပါအောင် လိုက်ခဲ့ရသည်။

"ရှောင်းရှောင် ! ငါ့ကို ခဏစောင့်ဦးလေ! မင်း လမ်းလျှောက်တာလည်း မြန်လိုက်တာ"

"အလုပ်အတွက် အစီရင်ခံရမယ့်အရေးကို အီးရောအီးရော လုပ်နေတာ
ဒီလောက်နှေးပုံနဲ့ဆို anime ကုန်စည်ပြပွဲကျ ပွဲစားကိုပဲခိုင်းပြီး အရုပ်၀ယ်ခိုင်းလိုက်"

ယွင်ရှောင်းရှောင်က ခေါင်းဆောင်၏ ရုံးခန်းတံခါးအား လှမ်းခေါက်လိုက်လေသည်။
"ခေါင်းဆောင် ကျွန်မတို့ ရှိသမျှ အကုန် စစ်ဆေးကြည့်ခဲ့ပြီးပြီ"

ဟယ်ဝေးက ထောက်လှမ်းရေးအစီရင်ခံ တင်ပြချက်ကို ဖတ်ကြည့်နေတာဖြစ်၏။ BYD ကားထံမှ ရရှိခဲ့သော DNA အား ၀မ်ဖူရှန့်၏ သား DNA နှင့် ယှဉ်တိုက်ကြည့်ထားသည်။

ကားတိုက်မှု ကျူးလွန်သူမှာ မလွဲမသေ ချန်းလဲ့သာ ‌ဖြစ်သည်ဆိုတာတော့ သေချာသည်။

ထိုအချိန်မှာပဲ ‌ယွင်ရှောင်းရှောင်တို့ပြန်ရောက်လာ၍ ဟယ်ဝေးက ရှာဖွေတွေ့ရှိမှု သတင်းအသစ်များအား တင်ပြစေသည်။

ရှလျန်လည်း ရှောင်းရှောင်နောက်မှ ကပ်ပါလာပြီးနောက် ရုံးခန်းထဲသို့ရောက်သောအခါ ‌‌တံခါးကို ပြန်ပိတ်ခဲ့လိုက်သည်။

ယွင်ရှောင်းရှောင်က စုံစမ်းရေးအတွက်သီးသန့်သုံးသည့် မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်လိုက်၏။

"ပန်ပင်းဟိုင်က ဒီရက်ပိုင်း အလုပ်ခရီးတွေ မကြာခဏ ထွက်နေရတာမို့လို့ ၀မ်ချွေ့နဲ့ နေ့တိုင်းညတိုင်း တွေ့နေရလောက်အောင်အထိ အိမ်မှာ သိပ်ရှိမနေဘူး
နှစ်ယောက်သား ခြေရှုပ်နေခဲ့ကြ‌တာတော့ နှစ်နဲ့ချီနေပြီ ချန်းလဲ့လည်း အစောကြီးကတည်းက ဒီအကြောင်းတွေကို သိထားတယ်
သိပေမဲ့ ၀မ်ချွေ့နဲ့ မကွာရှင်းတဲ့အပြင်ကို ဒီအခွင့်အရေးကိုယူပြီး သူက ပန်ပင်းဟိုင်ရဲ့ ဟိုတယ်မှာ မန်နေဂျာအနေနဲ့ ၀င်လုပ်လိုက်သေးတာ
သူ့အတွက်က ၀မ်ချွေ့ နဲ့ ပန်ပင်းဟိုင်တို့ ဖောက်ပြန်နေတာကိုလည်း သိပ်စိတ်ထဲရှိပုံမပေါ်ဘူး...ကလေးကလည်း သူ့ကလေးအရင်း မဟုတ်ဘူး"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now