37 -တကယ့် အစစ်အမှန် မင်း-

288 67 14
                                    

၁၁ နာရီ ၀န်းကျင်လောက်မှာ ဟယ်ဝေးနှင့် ချုံကျန့်တို့ပဲ မြို့တော်ဌာနမှာ အချိန်ပိုဆင်းရင်း ကျန်နေခဲ့ရသည်။

"ချန်ကျန့်ချင်းကို ခေါ်လာခဲ့ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်စမ်းပါ"

ချုံကျန့်လည်း တစ်ချက် သမ်းလိုက်မိ၏။
"ဒီအချိန်ကြီးကျမှလား..ညတောင် တော်တော်လေး ညဉ့်နက်နေပြီနော်
သူ့ကိုစစ်မေးရင်း ငါပဲ အိပ်ပျော်သွားမလားတောင် စိုးရိမ်ရတဲ့အခြေအနေဖြစ်နေပြီ ငါတော့"

"မင်း အိပ်ချင်တယ်ဆို အိပ်နှင့်လေ...စစ်ဆေးရေးကို ငါပဲ တာ၀န်ယူလိုက်မယ်"
ဟယ်ဝေးလည်း အချိန်ကို ဒီလောက်ထိ ညဉ့်နက်သွားစေဖို့ မရည်ရွယ်ခဲ့ပေမယ့် ချန်ကျန့်ချင်းဆီမှ သဲလွန်စတစ်ခု ရထားတာရှိလို့..ဒီ လူ ဘာ လှည့်ကွက်တွေများ ဆက်ဖန်တီးဖို့ ရှိနေသေးလဲ သိနိုင်စေရန် အလိုငှာ စစ်ဆေးရေး အချိန်ကို တမင်နောက်ကျပြီးတော့ကို အခုလိုညဉ့်နက်မှ စဖို့ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သိပ်မကြာလိုက်သည့်အချိန်တွင်းမှာပဲ ချန်ကျန့်ချင်းအား ခေါ်သွင်းလာခဲ့ကြသည်။ ထိုလူက အိပ်ချင်မူးတူးဖြစ်နေသည့် အရိပ်အယောင်တို့ စိုးစဉ်းမျှမရှိဘဲ လူက တက်ကြွနေပုံတောင်‌ ပေါ်နေ၏။

သူက ဟယ်ဝေးကို နှုတ်ဆက်လာခဲ့သည်။
"အရာရှိဟယ်...အခုထိ အချိန်ပို ဆင်းနေသေးတုန်းလား? အရမ်းကို အားသွန်ခိုက်စိုက် ကြိုးစားနေတော့တာပဲ"

"အကျင့်ပါနေပြီလေ"
ဟယ်ဝေးနှင့် ချုံကျန့်တို့က စစ်မေးခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ၀င်လာခဲ့လိုက်ကြသည်။ ချန်ဇယ်ရှန်း၏ လက်နှစ်ဖက်လုံးအား လက်ထိပ်ခတ်ပြီးကာမှ စစ်ဆေးရေး စတင်ပေသည်။

ဟယ်ဝေးက ယနေ့ နေ့လည်ခင်းတုန်းက စစ်ဆေးရေးမှတ်တမ်းအား ပြန် လှန်လှောကြည့်၍ လုပ်ထုံးအချို့ကို ကျော်ချပြီး လိုရင်းကိုပဲ အရောက်သွားလိုက်သည်။

"မင်း ချန်ဇယ်ရှန်းအကြောင်း ဘယ်လိုနည်းနဲ့ သိသွားတာလဲ?"

"ဟမ်? အဲ့ဒီမေးခွန်းနဲ့ ငါ့ ညီ အမှုနဲ့ ဘာဆိုင်လို့လဲ? ကြာလှနေပြီကို"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now