Future Domain ထဲရှိ တိတ်ဆိတ်လျက်ရှိသော အဆောင်ခန်း 404 ထဲတွင် ၀ရံတာမှ လေတဖြူးဖြူးတိုက်ခတ်လိုက်ခြင်းကြောင့် ချုံကျန့်တစ်ယောက် ကြက်သီးမွေးညှင်းတို့ အပြွတ်လိုက် ထသွားခဲ့ရ၏။
" လောင် လောင်ဟယ်...ငါ့ကို အဲ့လိုကြီး မခြောက်စမ်းပါနဲ့ ချန်ဇယ်ရှန်းရဲ့ အလောင်းကဖြင့် ရင်ခွဲစစ်ဆေးရုံထဲမှာ လှဲနေတုန်းလေ ဒီမှတ်စုစာရွက်ကို ရေးတဲ့သူက သူ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ"
ဟယ်ဝေးက သူ့အနားသို့ လက်ယက်ခေါ်လိုက်သည်။
"ကိုယ်တိုင် လာကြည့်ကြည့်လိုက် ဒီလူက '' 丿''ကိုရေးတဲ့အခါ အောက်မှာ အတွန့်လေး ပိုထွက်ထားတယ် ပြီးတော့ စာလုံးတစ်လုံးချင်းစီ တစ်လုံးချင်းစီ ဆက်နေတဲ့ပုံစံကလည်း တူတူပဲ
ကြည့်လိုက်လေ '气'ကို ရေးထားတဲ့ပုံစံက တစ်ထပ်တည်း တူမနေဘူးလား""ကြည့်ဖို့ကို မလိုဘူး ထင်တာပဲ ဒါသေချာပေါက် လက်ရေးကို မိတ္တူဆွဲထားတာပဲ ဖြစ်မှာ သေချာတယ်!"
ချုံကျန့်က ခေါင်းကို အတင်းကာရော ယမ်း၍ ဆို၏။"ဒီ စာရွက် ထားသွားတဲ့သူက လှည့်ဖျားသွားတာ ငါတို့ ဒီလူ့အမှုကို လိုက်နေတာ သိတော့ သရဲဟန်ဆောင်ပြီး မင်း လက်လျော့သွားအောင် ခြောက်လှန့်ဖို့ လုပ်တာပဲ ဖြစ်ရမယ်"
ဟယ်ဝေးက မတုံ့ပြန်လိုက်ချေ။ သူ အခုလေးတင် စောင့်ကြည့်ကင်မရာအား ကြည့်ပြီးထားသောကြောင့် သူ့အမြင်တွင် ကင်မရာမှတ်တမ်းကို ပြုပြင်ပြောင်းလဲထားတာမျိုး မရှိဘူးဟု ထင်မိသည်။
တကယ်သာ ဒီမှတ်စုစာရွက်က မူရင်းရေးထားတာသာ ဖြစ်နေပါက သေချာပေါက်ကို ဒီ အခန်း 404 ထဲတွင် ပဟေဋိဆန်ဆန် သက်ရောက်အား တစ်ခု ရှိကိုရှိနေပေမည်။အရှေ့မှာ ကြုံထားရသည့် မျိုးစုံသော အဖြစ်အပျက်မျိုးစုံနှင့် ဆက်စပ်တွေးကြည့်ပါက သူ့အဖြစ်ဟာခုလက်ရှိတွင် တစ်မိုးအောက်တည်းမှာ ''ကိုယ်ပျောက် အခန်းဖော်" တစ်ယောက်နှင့် အတူတူ နေမိလျက်သား ဖြစ်နေသည့်အလားပင်။
"မင်း ဘာတွေ တွေးနေတာလဲ လောင်ဟယ်? တစ်ခုခုပြောဦးလေ! မင်း အဲ့လိုကြီး ငြိမ်နေမှ ငါ ပိုလန့်လာပြီ"
YOU ARE READING
ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)
Mystery / ThrillerTitle : 置换凶途 Author : Cat Tea Beaver | 猫茶海狸 Chapter : 99 + 5 Extras (Completed)