36 -ချန်ကျန့်ချင်းအား စစ်ဆေးမေးမြန်းခြင်း(ပထမဆုံးအကြိမ်)-

222 58 1
                                    

ရှလျန်အား ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး တစ်ဆက်တည်းမှာပဲ ကျည်ဆံကိုလည်း အောင်မြင်စွာ ဖယ်ထုတ်နိုင်လိုက်သည်။ ကံကောင်းထောက်မစွာ ကျည်ဆံက အရိုးနှင့် အရွတ်များကို ထိခိုက်သွားခြင်းမျိုးမရှိ။ နာတာရှည် ရောဂါမျိုး ထင်ကျန်စရာလည်း အကြောင်းမရှိချေ။ အပြည့်အ၀ ပြန်လည်ကောင်းမွန်ဖို့အတွက်မူ အချိန်တစ်ခုလောက်အထိတော့ အနားယူဖို့ရန် လိုအပ်ပေသေးသည်။

အကုန်လုံးလည်း ထိုအခါမှ စိတ်ဒုံးဒုံးချနိုင်ကြ၏။ သို့ရာတွင် အကြီးအကဲကျန်းကမူ မတူ....မျက်နှာထားမှာ တင်းမာလျက် ရှိနေခဲ့သည်။ ၎င်းက သောက်လက်စ ရေနွေးခွက်ကို စားပွဲပေါ် အသံကျယ်ကြီး တစ်ချက်မြည်သည်အထိ ပစ်ချလိုက်ပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားမည့် ရဲဘော်များထံ စိတ်ဖိစီးမှု ပြန်လည် ပေါင်းထည့်လိုက်ပေ၏။

ကျန်းဖူရွေ့က တပ်သားများ၏ မျက်နှာကို တစ်ယောက်ချင်းစီ လိုက်ကြည့်၍ တစ်စုံတစ်ရာ ပြောတော့မလို အလုပ်မှာ ဟယ်ဝေးကပဲ ရှေ့ထွက်ပြီး ဦးအောင် ဆိုလိုက်ရသည်။

"ကျွန်တော့် ပေါ့ဆမှုကြောင့်ပါ....
ဒီတစ်ခေါက် စစ်ဆင်ရေးမှာ အဖွဲ့ကို သေချာလေး အမိန့်မပေးနိုင်ခဲ့တဲ့အပြင် စစ်ဆင်ရေးမှာ လူအင်အားလည်း မလုံလောက်လိုက်တာမို့လို့ ကျွန်တော့်ပေါ့ဆမှုကနေ တစ်ဆင့် ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်......
နှစ်ရက်အတွင်း ကိုယ့်ကိုယ်လည်း ပြန်လည်သုံးသပ်ချက် ရေးတင်ပြီးတော့ ကျွန်တော့်ကြောင့် ‌ဖြစ်တဲ့ နောက်ဆက်တွဲ အားလုံးကို အပြည့်အ၀ တာ၀န်ယူပေးပါ့မယ်"

ဟူစုန့်ခိုင် ၀င်ပြောလာခဲ့၏။
"အကြီးအကဲကျန်း...ဒီကိစ္စက လောင်ဟယ့်အမှား ဘာမှ မပါပါဘူး..
ရှောင်ရှကို အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလို့ ပြောပြီးတော့ တံခါးဖွင့်ဖို့ ပြောလိုက်မိတာ ကျွန်တော်ပါ...လောင်ဟယ်က ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အခေါက်ခေါက်မှာပါတယ်
အဲ့တာကိုတောင်မှ ကျွန်တော်က ပေါ့ဆမိပြီး သံသယရှိသူကို အခွင့်အရေး ပေးမိသွားတာပါ...
အပြစ်ဒဏ် ခံယူရမယ်ဆိုရင် အဲ့ဒီသူက ကျွန်တော်ပဲ ဖြစ်သင့်ပါတယ်"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now