35-သူ နှင့် ဟယ်-

311 68 10
                                    

အခင်းဖြစ်နေရာတွင် ယမ်းမှုန့်အကြွင်းအကျန်စများ တွေ့ရှိခဲ့ရပြီးနောက်မှာ စုံစမ်းရေးအဖွဲ့သားများအနေဖြင့် အမှုအား စဉ်းစားပုံစဉ်းစားနည်း လမ်းကြောင်းဥပဒေတို့ ရှုပ်ထွေးလာခဲ့ရချေသည်။

အစည်းအဝေးပွဲတွင် အဖွဲ့၀င်တစ်ယောက်ချင်းစီတိုင်းက ၎င်းတို့ စဉ်းစားရမိတဲ့အတွေးမျိုးစုံကို ယုတ္တိအရှိဆုံး ဖြစ်နိုင်ချေကနေ ယုတ္တိမတန်ဆုံးသော သဘာ၀လွန်ဖြစ်ရပ်တွေအထိပါ သွန်ချပြလာခဲ့ကြသည်။

ထိုအတွေးများထဲတွင် သေဆုံးသူကုမ္ပဏီ၀န်ထမ်းဟယ်ဝေးမှာ လက်နက်ကိုင်အဖွဲ့၀င်တစ်ယောက် (သို့မဟုတ်) စစ်တပ်ကနေ ခွဲထွက်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့ခြင်းကြောင့် လူမသိ သူမသိ ပဟေဋိဆန်ဆန်နည်းနဲ့ အသတ်ခံရတာ ဖြစ်လောက်တယ် ဆိုတာမျိုးတွေလည်း ပါ၀င်ပေသည်။

"................"
ချန်ဇယ်ရှန်းမှာ သူ့အဖွဲ့၀င်တွေကို မင်းတို့ထင်သလို မဟုတ်ပါဘူးကွာ လို့
ဘယ်လို ဝင်ပြောရမယ်မှန်းလည်း မသေချာ..
‌မင်းတို့ အတွေးလွန်နေတာ လို့ပြောရအောင်လည်း ဘယ်ကစပြောရမှန်းမသိ။

အခင်းဖြစ်နေရာမှာ တကယ်လည်း သေနတ်ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့သော်ငြား အဲ့ဒီဖြစ်စဉ်က တစ်ခြား ကမ္ဘာမှာ ဖြစ်တာလို့ ပြောပြန်ရင်လည်း သူ့ကို ဘယ်သူမှ ယုံကြလောက်မယ်မထင်။

ရေရေရာရာ စုံစမ်းကြည့်လို့မရသည့် ကိစ္စရပ်မို့ ထို ယမ်းမှုန့်အကြွင်းအကျန် ရှာတွေ့ထားသည့် ကဏ္ဍကို ခဏတာ ဘေးပို့ထားလိုက်ရတော့သည်။

လဲ့ကျန်းခိုင်က သူ့ဘေးနားတွင် လာထိုင်ရင်း အသံခပ်ဖွဖွဖြင့် မေးလာ၏။
"အဖွဲ့၀င်တွေကတော့ ရုတ်တရက်ကြီး အမှု စုံစမ်းဖို့ ပြန် စိတ်အားထက်သန်လာကုန်ကြပြီ..
ဒီလို အမှုကြီးတွေ ကိုင်ရတာမျိုး သူတို့ သိပ်သဘောကျတာကိုး"

"ဒါပေမဲ့ ငါတို့ဖက်က သူတို့ကို စုံစမ်းရေးက ဘယ်အတိုင်းအတာထိပဲ ဆိုတာမျိုး ကန့်သတ်ပေးဖို့ လိုသေးတယ်"
ချန်ဇယ်ရှန်းက ခေါင်းစောင်းကာ တိုးတိုး‌လေး ပြန်ပြောလိုက်၏။
"အခုလောလောဆယ် သူတို့က ဦးတည်ချက်အမှားကြီးဆီ အပြုံလိုက်ကြီး လမ်းလွှဲကုန်ကြတော့မှာ...
အခင်းဖြစ်နေရာမှာ သေနတ် ပစ်ခဲ့လား မပစ်ခဲ့ဘူးလားဆိုတဲ့ တစ်ချက်တည်းကိုပဲ သည်းကြီးမည်းကြီး လိုက်ရှာနေကြတော့မှာ စိုးရတယ်"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now