32-အနားယူဖို့ရန် မအားလပ်သေး-

330 66 4
                                    

စားပွဲပေါ်တွင် လက်ကမ်းစာစောင် လေးခုအား ဖြန့်လို့ထားသည်။
ဟိုတယ် ကြောငြာတစ်ခု ၊ ဆေးဆိုင်ကြော်ငြာတစ်ခု၊ ရှော့ပင်းစင်တာဖွင့်ပွဲ စာစောင်တစ်ခုနှင့် အင်္ဂလိပ်စာသင်တန်း စာစောင်တစ်ခုတို့ ဖြစ်ကြလေသည်။

၎င်းတို့ဘေးတွင်မူ ဓာတ်ပုံအထပ်လိုက် ရှိနေခဲ့၏။ ဟယ်ဝေးမှာ ထိုလက်ကမ်းစာစောင်များနှင့် ဓာတ်ပုံများကို လက်ပိုက်ကြည့်နေခဲ့ပြီး
အထူးတပ်ဖွဲ့မှ ကျန်ရှိသော တပ်ဖွဲ့၀င်များမှာမူ ဟယ်ဝေး၏ မျက်နှာရိပ်မျက်နှာကဲကိုပဲ စောင့်ကြည့်နေရပြီး ၎င်းတို့၏ ခေါင်းဆောင်တစ်ယောက် စကားစလာမှာကိုပဲ မျှော်လင့်နေခဲ့ကြသည်။

မျက်လုံးထက် ပင့်တက်သွားမှု အနည်းငယ်ပေါ်ထွက်လာပြီးနောက်မှာ ဟယ်ဝေးကား မူမမှန်မှုတစ်ခုအား သတိထားမိသွားခဲ့၏။

"မင်းတို့ အကြည့်တွေက ဘာဖြစ်နေကြတာလဲ?"

"ခေါင်းဆောင်... ချန်ကျန့်ချင်း ဘယ်ကို ထွက်သွားတာလဲ ခန့်မှန်းမိပြီလား?"
ယွင်ရှောင်းရှောင်က မေးလိုက်ခြင်းပင်။

"သူ ဘယ်ကို ထွက်သွားတယ်လို့ ထင်လဲ?"
ဟယ်ဝေးကား အထူးတပ်ဖွဲ့၀င်များ အကုန်လုံးထံသို့ အကြည့်ဖြန့်ကျတ်လိုက်ပြီးနောက် မေးကြည့်လိုက်၏။
"ငါတို့ အကုန်လုံး ကိုယ်ထင်တဲ့ဟာကို ‌ဖလှယ်ကြည့်ကြရအောင်လေ...မဟုတ်တောင် တစ်ဖွဲ့တည်းသားချင်းတွေပဲ..
ဦးနှောက်ကို အလုပ်ပေးတာက အမှုဖြေရှင်းတဲ့နေရာမှာ အရေးပါတယ်"

"............."
ကျွန်တော်တို့မှာသာ တွေးထားမိတဲ့နေရာမျိုးရှိနေရင် အစောကြီးကတည်းက သွားဖမ်းနှင့်ပြီပေါ့လို့
ခေါင်းဆောင်ဟယ်ကလည်း....

"ကလေးတွေမှာက မတူညီတဲ့အတွေးဆန်းတွေ ရှိနေတတ်တယ်..ပြီးတော့ သူတို့လေးတွေရဲ့ ဦးနှောက်က အမြဲတမ်း အလုပ်လုပ်နေဖို့ လိုတယ်လေ"
ချုံကျန့်က ရှလျန်၏ ခေါင်းအား အနောက်မှ သွားပုတ်ပေးလိုက်ရင်း....
"လာပါဦး Edogawa ရှလျန်လေး...
မင်း ဘယ်လောက်စွမ်းလဲ ထုတ်ပြဖို့အချိန်ပဲ...
အပိုင်း ၇၀၀ ကျော်နီးပါး anime ကြည့်ထားတဲ့ အရှိန်အဝါတွေကို မျက်မြင် ကြုံဖူးချင်လွန်းလို့ပါ"

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now