7-ပစ်ခတ်မှု အခင်းဖြစ်ပွားရာ-

435 87 1
                                    

သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ နေရာကား မြို့တောင်ဖက်ရှိ ဖူလုံတောင်‌ပေါ်တွင် တစ်အိမ်တည်း တစ်သီးတစ်သန့် တည်ရှိနေသော စံအိမ်ဟောင်းကြီးတွင် ဖြစ်သည်။

စံအိမ်မှာ တရုတ်ပြည်ပြန်လည်ထူထောင်ရေးကာလတွင် နိုင်ငံခြားသား တစ်ဦး ဆောက်လုပ်သွားခြင်းဖြစ်၏။

အစိမ်းရောင် တောင်တန်း တောအုပ်တွေကြားမှာ နစ်မြုပ်နေသည့် ထိုစံအိမ်ကြီး၌ ရေပန်း နှင့် ပန်းခြံငယ်လေးလည်း ရှိသေးသည်။

တံခါးများနှင့် ပြတင်းပေါက်များမှာ အနောက်ဥရောပဟန် သွင်ဆောင်နေ၍ အပန်းအခက်များလည်း ထွင်းထားသေး၏။

သို့ရာတွင် နှစ်နဲ့ချီ လူသူမရောက် စွန့်ပစ်ထား၍ လေဒဏ်မိုးဒဏ်များကြားတွင် သံကြေးများ အကွက်အပျောက်တွေဖြစ်နေပုံက ရင်တထိတ်ထိတ်ဖြစ်ရသော ခံစားချက်ကို ပေးစွမ်းသည်။

စံအိမ်ကြီး၏ အရင်ပိုင်ရှင်ဟောင်းမှာ မြို့ထဲ၌ နာမည်ကြီး စီးပွားရေးလုပ်ငန်းပိုင်ရှင်ကြီးတစ်ဦး ဖြစ်လေသည်။

နောက်ပိုင်းတွင် မိသားစု တစ်ခုလုံး အကြောင်းပြချက် မရေရာဘဲ ရွှေ့ပြောင်းသွားပြီး အိမ်ကြီးကိုလည်း ဒီအတိုင်း ထားထားခဲ့သည်။

ထိုမျှလောက် ကြီးမားလှသော စံအိမ်ကြီးအား တောတောင်များကြားတွင် စွန့်ပစ်ခံထားရရင်းက အလိုလိုနေရင်း ဘေးနားပတ်၀န်းကျင် ပါးစပ်ဖျားမှာ ထိုစံအိမ်ကြီးက "သရဲအိမ်" ဖြစ်လာခဲ့ရတော့သည်။

စံအိမ်ကြီး၌ လူမနေသည်မှာ ဆယ်နှစ်ကျော်ကျော် နီးပါးလောက် ရှိတော့မည်။

မြောက်မြားစွာသော ရဲအရာရှိတွေက စံအိမ်ကို စစ်ဆေးနေကြပြီး အပြင်ဖက်ကိုမူ အကာအရံများဖြင့် ပိတ်ဆို့ထားလိုက်လေသည်။

ကျောင်းသား အုပ်စုတစ်စုက လှေကားလက်ရန်းနားတွင် ရပ်နေကြပြီး မျက်နှာများမှာ ထိတ်လန့်နေလျက် အချင်းချင်းလည်း ခန္ဓာကိုယ်များကို နွေးနွေးထွေးထွေး ဖြစ်အောင် ပူးကပ်ထားကြ‌လေသည်။

အလောင်းကို ရှာတွေ့ရှိပြီး ရဲများကို ဖုန်းဆက်ခေါ်ခဲ့သူမှာ ထိုကျောင်းသားအုပ်စုပင်။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now