17-ကကျိုးကကြောင်နိုင်ဖွယ် ''ပထမဆုံး တွေ့ဆုံခြင်း'-

345 78 14
                                    

အထူးတပ်ဖွဲ့နှင့် တွေ့ဆုံအပြီး ချုံကျန့်က စုံစမ်းရရှိသော အချက်အလက်များကို ဟယ်ဝေးထံ ပြပေးလိုက်သည်။

ထိုအချက်အလက်များကို အကြမ်းဖျင်းကြည့်ပြီးနောက်မှာ ချန်ဇယ်ရှန်းက တစ်ဦးတည်းသောသား မဟုတ်ကြောင်းကို ဟယ်ဝေး သိရှိခဲ့ရသည်။

၎င်း၌ ငယ်ရွယ်စဉ်အချိန်က ပြန်ပေးဆွဲခံလိုက်ရသော  ချန်ကျန့်ချင်းဟု ခေါ်သည့် လေးနှစ်ကြီးသော အစ်ကိုတစ်ယောက်ရှိလေသည်။

ချန်ဇယ်ရှန်း၏ မိဘများက နှစ်နှစ်ဆက်တိုက် အပတ်တကုတ် ကြိုးစားရှာဖွေခဲ့သော်လည်း အကျိုးမထူးသည့်အဆုံး ချန်ဇယ်ရှန်းကိုသာ ဆက်လက်ပျိုးထောင်ခဲ့ကြရတော့သည်။

ချန်ဇယ်ရှန်း၏ အစ်ကိုကြီး နာမည်မှာ ချန်ကျန့်ချင်း ဖြစ်၏။ ၎င်းတို့၏ သား ပြန်ပေးဆွဲခံရပြီးနောက်မှာ အမေဖြစ်သူ တင်းရှန်းက နာမည်ကြောင့် အခုလို အဖြစ်ဆိုးနှင့် ကြုံခဲ့ရသည်ဟု မှတ်ယူခဲ့သည်။

နာမည်၏ ဆိုလိုရင်းမှာ ‘’ရေကြည်ရာ၌ ငါးမရှိ” ဟု အဓိပ္ပါယ် ထွက်နေသည်ကိုး။

သို့နှင့် ဒုတိယမြောက်သားအလှည့်တွင်မူ ကောင်းချီးနှင့်မင်္ဂလာများ ပေါ်လွင်စေဖို့အရေး “ဇယ်ရှန်း” ဟု အမည်ပေးခဲ့လိုက်ကြသည်။

ချုံကျန့်လည်း လော့ကတ်သီးလည်ဆွဲကြိုးထဲမှ ဓာတ်ပုံကို ချန်မိဘများထံ ပြပေးလိုက်သည်။
တင်းရှန်း သူမ၏ မျက်လုံးအမြင်ကိုပင် မယုံကြည်နိုင် ဖြစ်သွားရ၏။

ပုံထဲမှ သူနှင့် ချန်ဇယ်ရှန်းတို့က တော်တော်လေးကိုမှ ရုပ်ဆင်နေကြရုံမကလို့ ပုံကိုကြည့်ရုံဖြင့် မိခင်အသိနှင့် ဒါဟာ သူမ၏ သွေးသားဖြစ်ရမည်ဆိုသည့် ခံစားချက်များကို ပေးစွမ်းလေသည်။

သေချာပေါက် ပုံထဲမှသူသည် ၎င်းတို့၏ အကြီးဆုံးသား ဖြစ်ရမည်ဟု ယုံကြည်သော်လည်း ၎င်းတို့အနေဖြင့် ထိုသူက ဘာကြောင့် မိဘတွေကို အရင် လာမတွေ့ပါဘဲ ချန်ဇယ်ရှန်းနှင့်ပဲ ယခုကဲ့သို့ တိတ်တဆိတ် တွေ့ခဲ့တာလည်း ဆိုတာကို နားမလည်နိုင်ကြချေ။

ထို့ပြင် ချန်ဇယ်ရှန်း ကိုယ်၌ကလည်း ဤအကြောင်းကို နည်းနည်းလေးတောင် ဖွင့်ဟ မပြောပါဘဲ ဖုံးကွယ်ထားပြီး အစ်ကိုဖြစ်သူအကြောင်းကိုလည်း တစ်စက်ကလေးမှ မဟ ချေ။

ကျိဟွမ့်ရှုန်းထူ(အဓမ္မလမ်းအား အစားထိုးခြင်း)Where stories live. Discover now