လူအိပ်ချိန်ဖြစ်သည့် ညဆယ်နာရီဝန်းကျင်လောက် ပေလမ်းပေါ်မှာ အရိပ်လေးတစ်ခုကိုမြင်၏။သူ သေချာကြည့်မိတော့ ညအမှောင် လရောင်မှိန်မှိန်လေးအောက်မှာ ကောင်မလေးတစ်ယောက် ခြေဗလာနဲ့ပြေးလွှားနေလေရဲ့။သူမ ခြေလှမ်းတွေရဲ့ဦးတည်ရာမှာ "နေဝင်ချိန်"တံတားဆီသို့...။အတိုင်းအဆမရှိ ကျလာသည့် မျက်ရည်စတွေကိုပင်မသုတ်နိုင်။ပြေးလွှားနေသည်ဆိုပေမယ့် ခြေလှမ်းတွေမှာလေးပင်နေပုံပေါ်သည်။ဟိုယိုင်ဒီယိုင်နှင့်ပင်။
သူမဘာကြောင့် ပြေးလွှားနေရလဲဆိုတာသိရဖို့ လွန်ခဲ့တဲ့နာရီပိုင်းအနည်းငယ်ကို ပြန်သွားကြည့်ရအောင်။
အချိန်အားဖြင့် ညနေ၆နာရီ ဝန်းကျင်ဝယ် ကောင်မလေးနှစ်ယောက် စစ်မြင်းနှင့် ကိုလာဗူးလေးတွေကိုင်ကာ ဆိုင်ထဲမှထွက်လာကြသည်။
လမ်းမထက်တွင် လူတွေအနည်းငယ်သွားလာနေကြပေမယ့် တိတ်ဆိတ်မှုကကြီးစိုးလျက်ရှိသည်။
နှစ်ယောက်သားရယ်မောရင်းပင် အိမ်သို့ ပြန်ရောက်ခဲ့လေပြီ။အိမ်၌ အသင့်စောင့်နေကြသောလူငယ်များမှာ မိမိတို့ရပ်ကွက်ကို သိမ်းပြီးသွားပြီဖြစ်တာကြောင့် အောင်ပွဲခံကြမည့်လူငယ်တစ်စုပင်။အရင်နေ့တွေက မိုးကုတ်မြို့သိမ်းတိုက်ပွဲကြောင့် ရှောင်ရှားနေခဲ့ရပြီး ယခုမှအိမ်သို့ပြန်ရောက်ကြခြင်းဖြစ်ပေသည်။
ယောက်ျားသားတွေကတော့ ဘီယာသောက်ကြပေမယ့်
နွေအမောင် နှင့် နန်းရှန်ခမ်း တို့နှစ်ဦးကတော့ စစ်မြင်းကို ကိုလာနဲ့ ရော၍ သောက်ကြလေသည်။
ကိုလာကုန်သွားသောအခါ ဆိုင်ပိတ်ချိန်လဲြဖစ်တာကြောင့် စစ်မြင်းအလွှတ်သာသောက်ဖို့ကျန်တော့သည်။နန်းရှန်ခမ်းလဲ မသောက်နိုင်တာကြောင့်ဆက်မသောက်တော့ဘဲ နွေအမောင် က သောက်မည်ကြံတော့
"နင်ဆက်မသောက်နဲ့တော့ ငါမထိန်းနိုင်ဘူးနော်။နင်ရစ်တဲ့ဒဏ်မခံနိုင်ဘူး။"နန်း စကားကြောင့် နွေအမောင် ပြုံးစစနှင့်ပင်။
"ငါရစ်လို့လား"စကားကိုလေးပင်စွာဆိုလေသည်။
"နင့်အကြောင်းနင်သိ။ည toiletသွားရင် တစ်ခါ နှစ်ခါ သုံးခါထိလိုက်ခဲ့ပေးမယ် အဲ့ထက်လွန်လာရင်တော့အိမ်သာထဲသိပ်မှာ"မျက်စောင်းလေးခဲကာဆိုလာသည့် နန်းရှန်ခမ်း ကြောင့် ေနွအမောင်တို့ဟက်ဟက်ပက်ပက်ရယ်မောမိလေသည်။
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...