Part-29End🔞

486 8 0
                                    


....
လက်ထက်ပြီးနောက် နွေအမောင့် အ​ခြေအနေကပိုဆိုးလာသည်မို့ဆေးရုံတင်ခဲ့ရသည်။

သူမနှလုံးအစားထိုးကုဖို့ကိုက်ညီတဲ့နှလုံးရှာသော်လည်းမရ။အချိန်မှီသာအစားမထိုးနိုင်ရင် နွေ့ကိုကယ်နိုင်မှာမဟုတ်တော့ဘူး။

နောက်ဆုံးမှာ ကိုထက်သည် နွေ နှလုံးအစားထိုးကုဖို့ အတွက် သူ့နှလုံး လှူပေးခဲ့လေသည်။ သူ့ပိုင်ဆိုင်မှုတွေကိုလဲ ပေးခဲ့လေသည်။

ခွဲစိတ်မှုပြီး သွားတဲ့နောက်..

"ဒေါက်တာ.."

"ဟုတ်ကဲ့"

"ကျွန်မ သတိရနေတာကြာပြီ ကျွန်မဆီဘယ်သူမှမလာကြဘူးလားဟင်"

"အရင်နေ့တွေကတော့ လူတစ်ယောက်အနားမှာအမြဲရှိပါတယ်။ဒါပေမယ့်.."

ကိုထက်ဆိုတာမပြောလဲသိပေမယ့် ဒေါက်တာရဲ့ ပင့်သက်ရှိုက်လိုက်မှုကြောင့် နွေ့ရင်ထဲမွန်းကျပ်မှုကပိုလာသည်။

"ဒါပေမယ့် ဘာဖြစ်လဲဒေါက်တာ"

"ဒီမှာ သူ ရှင့်အတွက် ဒီစာအုပ်လေးပေးသွားတယ်"

ပြောပြီးဒေါက်တာလဲထွက်သွားခဲ့သည်။

နွေယူကြည့်လိုက်တော့ ကိုထက်ဒိုင်ယာရီပင်။

ပထမရွက်မှာရေးထားသည်က..

ကျနော့်ဘဝမှာ တစ်ယောက်ထဲပဲရုန်းကန်ခဲ့ရတာ။
နေလဲတစ်ယောက်ထဲ သေလဲတစ်​ယောက်ထဲပဲလို့တွေးထားတဲ့ကျနော်က သန်းခေါင်ယံညတညမှာရောက်လာတဲ့ လိပ်ပြာငယ်လေးကြောင့် အထီးကျန်မှုတွေဖြေလျော့လာတယ်။

ကျနော့်ဘဝထဲကိုပျော်ရွှင်မှုတွေယူဆောင်လာပေးခဲ့တာမဟုတ်ပဲ။သူမကိုယ်တိုင်ကိုက ကျနော့်ရဲ့ပျော်ရွှင်မှုဖြစ်လာခဲ့တယ်။
သူနဲ့အတူရှိရတဲ့အချိန်တွေအတိုင်းမသိပျော်တယ်။

သူမဝမ်းနညး်နေတဲ့အခါအားငယ်နေတဲ့အခါ နှစ်သိမ့်ပေးခွင့်ရတာလေးကို ကျေနပ်တယ်။

တစ်ရွက်ချင်းဖတ်ပြီးနောက်....

နွေ့မှာ မွေးရာပါနှလုံးရောဂါရှိနေသည်တဲ့။ကျနော်ဘာဆက်လုပ်ရမလဲ။ သူ ကျနော့်အနားမှာရှိနိုင်ဖို့ကျနော်ဘာဆက်လုပ်ရမလဲ။

မပိုင်သည့် ပန်း(completed)Where stories live. Discover now