Part-25

254 5 0
                                    

....
ကိုခန့်ကျော်နိုင်ကတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရသည်။စိတ်မကောင်းသော်လည်း ကိုယ့်ဇနီးသည်ကိုညည်းပန်းနှိပ်စက်ပြီး ကိုယ့်သွေးသားကိုသတ်ခဲ့သူအတွက် ဒီလောက်က ဖြစ်သင့်ပါတယ်။

မောင်သည်လည်းကိုယ့်ကိုယ်ကိုယ်အပြစ်မကင်းသလိုခံစားရတာမို့ သမီးလေးရက်လည်ပြီးတော့ နန်းကိုထားကာ နန်းအနားက ထွက်သွားခဲ့သည်။

ကျန်ခဲ့သူနန်းအဖို့တော့ ဒီအချိန်မှာမောင့်ကိုအနားမှာရှိနေစေချင်ခဲ့တာ။မောင့်ပုခုံးလေးကိုမှီပြီး အားရအောင်ငိုချင်သေးတာ ဒါပေမယ့်..မောင်ကထွက်သွားခဲ့တယ်။နန်းတကယ်လိုအပ်ချိန်တွေမှာ မောင်ကထွက် ထွက်သွားတယ်။

ဒီတခါတော့ မောင့်ကိုထွက်သွားခွင့်မပြုနိုင်ဘူး။
လွဲမှားသွားတဲ့ဆုံမှတ်တွေကိုပြန်တည့်ဖို့ကြိုးစားခဲ့တာ
မောင်ဆိုတဲ့ဖြစ်တည်မှုလေးတစ်ခုအတွက်နဲ့
...

ဒေါ်လင်းလတ်ဖြူ ကြားလိုက်ရသည့်သတင်းကြောင့်သွေးပြတ်မတတ်။ငါရှင်းမယ်လို့ပြောခဲ့သားနဲ့ ခန့်ကျော်နိုင် မင်းတော့...။ကိုယ့်ထိုက်နဲ့ကိုယ့်ကံခံပေတော့။
မင်းကငါ့တူဆိုပေမယ့် ကလေးငယ်နဲ့ပတ်သတ်လာရင် သွေးသားရင်းလဲမကြည့်နိုင်တော့ဘူး။ကလေးငယ်အစား မင်းသမီးဖြစ်သွားတာတော့စိတ်မကောင်းစရာဆိုပေမယ့် အဆိုးထဲကအကောင်းပဲ။မင်းသာကလေးငယ်ကိုထိခိုက်စေခဲ့ရင် မင်းကို ငါပြန်သတ်မှာ..။
ဟူးးကလေးငယ်ကိုပိုင်ဆိုင်နိုင်ဖို့ပိုခက်တော့မှာပဲ။

ကိုထက် ကျေးဇူးနဲ့ မောင့်ဆီ နန်းရောက်လာခဲ့သည်။
"ဒီနေရာက..."

ခရမ်းရောင်ပန်းမျိုးစုံပွင့်လန်းနေသည့် ဆယ်ဧကပတ်လည်ရှိသည့်​ြခံဝန်းလေးဖြစ်သည်။

"နွေ့ ကမ်ဘာငယ်လေးလေ"

"လှလိုက်တာ..ခရမ်းရောင် ပန်းတွေအများကြီးပါလား"

"လာ..."

ကိုထက်မင်းအောင်မှ နန်းကို
ခြံအလယ်ရှိသစ်သားအိမ်လေးဆီခေါ်လာခဲ့သည်။
အိမ်ဝင်ဝက ​ေကျာက်သင်ပုန်းမှာ...စာလေးတစ်ချို့ရေးထားသည်ကို နန်းဖတ်ကြည့်မိသည်။

မပိုင်သည့် ပန်း(completed)Where stories live. Discover now