......
နွေ ထိုလူနှင့်ချိန်းထားသည့်နေရာသို့ထွက်လာခဲ့သည်။
နွေရောက်သွားတော့ထိုလူကကြိုရောက်နင့်နေပြီ။
ရောက်ရောက်ခြင်းစကားပလ်လင်ပင်ခံမနေဘဲ တည့်တိုးမေးလိုက်လေသည်။"ရှင်.. နန်းကိုချစ်လား"
"ဗျာ"
နွေ့မေးခွန်းကြောင်ကြောင်အမ်းသွားသည့်ထိုလူ့မျက်နှာကိုကျွန်မတည့်တည့်ကြည့်ကာ.."ရှင့်အမျိုးသမီး နန်းရှန်ခမ်း ကိုလေ"
ထိုလူကစိတ်အေးသွားဟန်နှင့်..။
"ချစ်တာပေါ့ဗျာ ချစ်လို့အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ထားတာဘဲလေ"
"ဒါဖြင့်ဘာလို့သူ့အပေါ်မကြင်နာတာလဲ"
"ကျနော်ကြင်နာတော့ကော သူတန်ဖိုးထားခဲ့လို့လား"
"ရှင်!!"
"ဆရာမကဘာလို့ ကျနော်တို့အကြောင်းမေးနေရတာလဲ"
"ကျွန်မသိချင်လို့ပါ။ကျွန်မကစာရေးဆရာဆိုတော့ ကျွန်မဇာတ်လမ်းတွေမှာအသုံးဝင်လို့ဝင်ညားပေါ့"
"ကျနော်က ကျနော်တို့အကြောင်းကိုဘယ်သူ့ကိုမှမပြောပြဖြစ်ဘူးဗျ"
"ဟုတ်လားဆောတိပါ"
မျှော်လင့်ချက်မဲ့သွားသလိုခေါင်းငိုက်စိုက်ချပြီးမှထိုလူ့စကားကြောင့်..
"ဆရာမသိချင်ရင်တော့ကျနော်ပြောပြပါ့မယ်"
"ဟုတ်ကဲ့ကျေးဇူးပါ"
သူမကျေနပ်သွားခဲ့ရသည်။
"လွန်ခဲ့တဲ့ရှစ်နှစ်ကျော်လောက်က ကျွန်တော်တို့တွေပြဿနာဖြစ်ပြီး သူကျနော့်ဆီကနေထွက်သွားဖူးတယ်။"
"ဟုတ်လား"
"ဟုတ်တယ် ။သူကျနော့်အပေါ်သစ်စာမရှိဘူး။သူဖောက်ပြန်ခဲ့တယ်"
"ဟင်ဟုတ်လို့လား"
"ဆရာမ မယုံတာဖြစ်သင့်ပါတယ်။တကယ်တော့ဒီလို..."
ကျွန်တော်တို့တွေချစ်သူတွေဖြစ်ပြီးအခက်ခဲတွေအားလုံးရင်ဆိုင် အားလုံးနဲ့အတိုက်ခံလုပ်ပြီးမှ ကျနော်တို့ချစ်သူသက်တမ်းနှစ်နှစ်ကျော်လောက်မှာသူမနဲ့လက်ထက်ခဲ့တာ။လက်ထက်ပြီးတစ်နှစ်ကျော်ထိ ပြဿနာကြီးကြီးမားမားမရှိခဲ့ဘူး။ပြဿနာဖြစ်ရင်လဲကျနော်ဘဲအလျော့ပေးခဲ့တာ။သူဆိုးသမျှအနိုင်ကျင့်သမျှအားလုံးသည်းခံခဲ့တယ်။
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...