Part-2

1.7K 46 1
                                    


နွေအမောင့်ခြေလှမ်းတွေဦးတည်ရာ နေဝင်ချိန်တံတားဆီသို့.....

နွေအမောင် နေဝင်ချိန်တံတားဆီရောက်သွားတော့ဘေးပတ်ဝန်းကျင်တွင်ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိချေ။

တံတားလက်ကိုင်ကိုအားယူကာ အသံကုန်ခြစ်ပြီးအော်ပစ်လိုက်သည်။

အားးးးးး

ထို့နောက် သူမသက်ပြင်းတစ်ချက်ချကာ
ဘာမှစဥ်းစားမနေတော့ဘဲ တံတားလက်ကိုင်ပေါ်တက်ကာ ခုန်ချဖို့ရန်ပြင်လေသည်။

ရုတ်တရက်မိမိလက်ကိုလှမ်းဆွဲခံလိုက်ရပြီး ဆွဲအားကြောင့် သူမကိုယ်လေးယိမ်းပါလာ၏။

သူမကျရောက်သွားတာ တံတားခင်းပေါ်မဟုတ်ဘဲလူတစ်ယောက်ပေါ်ဆိုတာသိလိုက်ရစဥ်အမြန်ကုန်းရုန်းထလေသည်။

"ရှင်ဘယ်သူလဲ"တစ်ဆတ်တည်းနှုတ်ဖျားကထွက်ကျလာသည့်မေးခွန်း။

ညအမှောင်ကြောင့် မျက်နှာကိုအရှင်းလင်းမမြင်ရသော်လည်းအမျိုးသားတစ်ဦးဆိုတာသေချာသည်။

"ငါဘယ်သူလဲဆိုတာထက် မင်းဘာလုပ်ဖို့ကြံနေတာလဲဆိုတာပိုအရေးကြီးတယ်"

"ကျွန်မဘာသာ ဘာလုပ်လုပ် ရှင်နဲ့မဆိုင်ပါဘူး။ကျွန်မလက်ကိုလွှတ်"

"ဘာအကြောင်းကြောင့်လဲမသိပေမယ့် မင်းအဲ့လိုလုပ်မှာကိုတော့ ကိုခွင့်မပြုနိုင်ဘူး။"

ပြောပြီးထိုလူကသူမလက်ကိုဆွဲကာ ခေါ်ဆောင်လာ၏။

ဘယ်ဆီမှန်းမသိပေမယ့် သူမ မရုန်းဖြစ်ခဲ့ပါ။ထိုလူဆွဲခေါ်ရာကိုအသိစိတ်မဲ့ကာလိုက်ပါလာ၏။

နန်းနဲ့ဝေးရာဆိုရင် ဘယ်ဆီပဲ​ြဖစ်ဖြစ် ကျွန်မကိုခေါ်သွားပေးပါ။

ကျွန်မနန်းနဲ့ဝေးရမှာကြောက်ပါတယ် ။ဒါပေမယ့်..ကျွန်မဆီမှာနန်းမပျော်မှာကိုပိုကြောက်တယ်...။

....

ထိုလူကသူ့နေအိမ်သို့ခေါ်ဆောင်လာ၏။

"အစ်ကို့ နာမည် ထက်မင်းအောင်ပါ။ဒီတိုက်ခန်းမှာနေတယ်။စောနက ဝရံတာမှာရှိနေတုန်း တံတားဆီပြေးသွားနေတဲ့ မင်းကိုတွေ့လိုက်တာ။ပုံစံကြည့်ရတာမူမမှန်တာမို့ အစ်ကိုလာခဲ့တာ ထင်တဲ့အတိုင်းဘဲ။

မပိုင်သည့် ပန်း(completed)Where stories live. Discover now