ဘာမဟုတ်တဲ့ ပြဿနာသေးသေးလေး
ပြေလည်ဖို့အချိန်အတော်ယူလိုက်ရသည်။
မောင်ကမာဏတွေထားပြီး သူမကအတွေးများခဲ့တာကြောင့်ရယ်ပါ။1.4.24...
"မောင်နန်းပြောစရာရှိတယ်"
"ဟုတ်ပြောလေ"
"ဒီစကားကိုမနက်ထဲကပြောသင့်မပြောသင့်စဉ်းစားနေတာမောင်စိတ်ဆိုးမှာလား"
"ဘာမို့လို့လဲ"
"ဟိုလေ.."
"ဟုတ်"
"လမ်းခွဲရအောင်"
မောင်ထင်မိပါတယ် ဒီနေ့ကဧပြီဖူးနေ့လေ မောင်ကမနက်ကသူမကိုလုပ်ြပီးပေမယ့်သူမကခုမှလုပ်တာ။မောင်ရိပ်မိတာပေါ့။
"ဟမ် ဘာလို့"
"မချစ်တော့လို့"
"ဘယ်သူ့ကိုချစ်မှာလဲဒါဆို"
"ဘယ်သူ့မှချစ်တော့ဘူး"
"ဧပြီဖူး လုပ်တာလား"
"ဟာမောင်ကမသိရဘူးလေ"
"လမ်းခွဲဖို့ပြောထွက်တယ်နော်မချစ်လဲနေပေါ့"
မောင်တမင်စချင်တာကြောင့်ပြောလိုက်ပေမယ့်ဒါကပြဿနာရဲ့အစဖြစ်လာမယ်ဆိုတာမောင်မသိခဲ့။
ဒါပေမယ့် ပြဿနာဖြစ်ခဲ့ရင်တောင်အတတ်နိုင်ဆုံးမာဏတွေလျော့ချဖို့ဆုံးဖြတ်ထားမိသည်။"April foolလုပ်တာလေ"
"လုပ်လဲ စိတ်ထဲရှိမှဖြစ်တာလေ
ရှင် ပြောချင်နေတာမလား""ဟယ်"
"ရပါတယ် ဒီလောက်ဆိုသိလိုက်ပါြပီ
ရှင်ကျွန်မကိုမချစ်တော့မှန်း""ဟင်အလိုထင်တယ်ပေါ့
ပြောပါအုန်းဘာလို့အလိုထင်ရတာလဲ
ရှင်မို့တွေးတတ်တယ်နော်""ရှင်ပြောင်းလဲနေတယ်လေ"
"ဘာပြောင်းလဲတာလဲ"
"အများကြီးပေါ့"
"ပြောပါအုန်း"
"ကိုယ့်ကိုယ်ကိုယ်သိမှာပါ"
"မသိပါဘူး"
"ထားပါတော့"
ဒီနေ့ဧပြီဖူးနေ့မို့ရောယောင်ချလိုက်တာ။လမ်းခွဲတယ်ဆိုတဲ့စကားကိုသူအတည်မှတ်ပြီးနန်းကိုထားခဲ့ရင်လဲ ထားပေါ့။မဟုတ်ရင်နန်းလဲပြောထွက်တော့မှာမဟုတ်ဘူး။သူတို့နှစ်ယောက်ကဘယ်လိုမှရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးလေ။မောင်နားလည်အောင်နန်းမပြောပြတတ်ဘူးမောင်။ခုလဲဧပြီဖူးလုပ်တာမဟုတ်ဘူး သို့သော်...ဧပြီဖူးလို့ပဲမှတ်ကြတာပေါ့...။
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...