Part-3

1.1K 30 1
                                    

ဖေဖော်ဝါရီလ 5ရက်နေ့မှာတော့ သူမနဲ့အပြင်မှာတွေ့ဖို့ချိန်းလိုက်ပြီး နှစ်ယောက်သား နေဝင်ချိန်တံတားဆီလျှောက်လာစဥ်...

နွေက အနက်ရောင်တီရှပ်အင်ကျီလက်ကျနှင့် အနက်ရောင်ဘောင်းဘီရှည်အပွကိုဝတ်ဆင်ထားပြီး နန်းကတော့ ခရမ်းနုရောင် တစ်ဆက်တည်းဂါဝန်ရှည်ကိုဝတ်ဆင်ထားလေသည်။

လိမ္ေမာ္သီးဆိုင်ရှေ့ရောက်တော့ နွေအမောင် ​​ခြေ လှမ်းတွေရပ်တန့်သွားခဲ့ပြီး လိမ်မော်သီးကိုစူးစိုက်ကြည့်နေ၏။

"ဘာလဲစားချင်လို့လား"နန်းမေးလိုက်တော့သူမကပြုံးရယ်လာကာ..

"နင် ဝယ်ကျွေးမလား"

နန်းလဲလိမ်မော်သီးလေးကိုတောင်းထဲမှကောက်ယူလိုက်ပြီး..
"ကျွေးမှာပေါ့..ရော့.."

ေနွ ကိုယ့်အတွေးနဲ့ကိုယ် ။နန်းလှမ်းပေးတာကိုချက်ချင်းမယူဘဲပြုံး၍ပင်ကြည့်နေသည်။

"ဘာလဲဒီလိုကြီးပြုံးနေတာတစ်ခုခုတော့ရှိရမယ်"

နန်းစကားကိုလက်ခံသည့်ဟန်နှင့် နန်းလက်ထဲကလိမ်မော်သီးလေးကိုလှမ်းယူကာ

"လိမ်မော်သီးပေးခြင်း ရဲ့အဓိပ္ပါယ္ က
ငါနင့်ကိုသဘောကျတယ်တဲ့ နင်ကငါ့ကိုလိမ်မော်သီးပေးတာဆိုတော့.."

"ဟာ..ဘာမှန်းလဲသိဘူး။"သူမရှက်သွေးဖြာကာအရင်ထွက်သွားနင့်ခဲ့သည်။

နွေလဲလိမ်မော်သီးကိုပြန်ချကာ ဆိုင်ရှင်အဒေါ်ကြီးကိုခေါင်းငြိမ့်ပြပြီး သူမနောက်ကိုလိုက်ရ၏။

စတော်ဘယ်ရီဆိုင် ကိုမြင်တော့ ဝင်ဝယ်လိုက်ပြီးမှ သူမနောက်ကိုဆက်လိုက်ခဲ့သည်။
သူမကိုမှီလာတော့...

"​ေနပါအုံး"

နေဝင်ချိန်တံတားရောက်မှသူမခြေလှမ်းတွေကရပ်တန့်သွားခဲ့သည်။

"ရော့ဒီမှာနင့်အတွက်"

နွေ့လက်ထဲကစတော်ဘယ်ရီသီးလေးတွေမြင်တော့ သူမမျက်နှာလေးဝင်းလဲ့သွားပြီးယူမယ်ကြံပြီးမှ..

"​​နေအုံးဒါကကော ဘာအဓိပ္ပါယ္လဲ"မျက်ခုံးနှစ်ဖက်တွန့်ချိုးကာမေးလိုက်သည်။

မပိုင်သည့် ပန်း(completed)Where stories live. Discover now