Part-24

96 0 0
                                    

နောက်တစ်ရက်တွင်.....နွေပုံမှန်တိုင်းစာပြပေးဖို့သွားခဲ့သည်။

"နွေ့ကို  ပြောထားတယ်လေ ကျနော့် အိမ်လာစရာမလို တော့ဘူးလို့"

"ဘာလို့လဲ ။ရှင်ဘဲ သူ့ကိုငှားထားတာမဟုတ်ဘူးလား။"

နန်းပြောလိုက်တော့သူက..
"အေးငါငှားထားလို့ ခုငါထုတ်တယ်ကွာ"

"ငါဘယ်သူလဲဆိုတာသူသိသွားပြီနန်း"

"အဲ့တော့ရောဘာဖြစ်လဲ။နင်အလုပ်ထွက်ဖို့မလိုဘူး။"

"နန်းမြတ်ချယ်!!"ထိုလူကခပ်ဆောင့်တောင့်လေးအော်လာသည်။

"ရှင်မငှားလဲကျွန်မသူ့ကိုငှားတယ်"

"ဟက်!!မင်းတို့ကထပ်ဖောက်ပြန်ချင်သေးတာလား။"

"ရှင်မစော်ကားနဲ့"

"ငါကအမှန်ပြောတာ။အရင်ကမင်းစိတ်ချမ်းသာဖို့ငါဘာမှမပြောခဲ့ပေမယ့် ဒီတစ်ခါတော့
ငါလုံးဝခွင့်မပြုနိုင်ဘူးနော်။"

"ကျွန်မတို့ကွာရှင်းရအောင်"

"ငါလုံးဝကွာမပေးနိုင်ဘူး"

"နေကြပါအုံးဘာတွေဖြစ်နေကြတာလဲ အေးဆေးပြောမှပေါ့။"

"နွေမင်းခုချက်ချင်း ငါ့အိမ်ထဲကထွက်သွားတာကောင်းမယ်"

"ဘာမှ ထွက်သွားစရာမလိုဘူး"

"မင်းအဲ့လောက်ဆာနေလား"

"ခဗျားမိုက်ရိုင်းလိုက်ချည်လား"မောင်နန်းဘက်ကမခံနိုင်သည်မို့ဝင်ပါမိသည်။

"ရိုင်းတော့လီးဖြစ်လား။မင်းကိုစာရေးဆရာတစ်ယောက်အနေနဲ့ ငါ့သမီးရဲ့ဆရာမတစ်ယောက်အနေနဲ့ ငါလေးစားပါတယ်။ဒါပေမယ့် ငါ့မိန်းမနဲ့ဖောက်ပြန်နေတဲ့ကောင် တစ်ယောက်အနေနဲ့တော့ ငါရိုင်းသင့်ရင်ရိုင်းရလိမ့်မယ်"

"ဒီမှာ ကျုပ်တို့ဖောက်ပြန်ခဲ့တာမှန်တယ်။ဒါပေမယ့် ခုချိန်မှာတော့ကျုပ်တို့ကရိုးရိုးသားသားဘဲ မနေ့ကလဲ ကျုပ်ပြောခဲ့ပါတယ်။ကျုပ်တို့အေးဆေးဖြေရှင်းကြမယ်လို့။ခုတော့ပြဿနာတက်ရပြီ။"

"ဘာမှဖြေရှင်းဖို့မလိုဘူး။မင်းသာပေါ်မလာခဲ့ရင်။မနေ့တည်းကထွက်သွားခဲ့ရင်ခုလိုပြဿနာဖြစ်မှာမဟုတ်ဘူး။"

မပိုင်သည့် ပန်း(completed)Where stories live. Discover now