Part-5

1.3K 40 1
                                    

"အဆင်ပြေပါစေနော် ဒီနေ့ ။
ဖိုက်တင်း ချစ်တယ်နော် အာဘွား"

ေနွ မနက်နိုးတာနဲ့ထိုစာလေးပို့ထားလိုက်သည်။

ပြီးနောက် ရေမိုးချိုးပြီး ဟူဒီ အနက်ရောင်နှင့် ဘောင်းဘီအပွကိုဝတ်ဆင်ကာ ဆံပင်ကောက်ကောက်တွေကိုသေချာဖြီးလိမ်းပြီး
သူမရှိသည့် ရပ်ဝန်းလေးသို့ ခရီးစခဲ့သည်။
မောင်လေးကိုလဲလိုက်ခဲ့ဖို့ အကူညီတောင်းရသည်။

မလိုက်ချင်ပေမယ့် သူ့ယောက်ျားနဲ့ဖြေရှင်းဖို့လိုလာရင်
တစ်ယောက်ထဲဆိုလဲမဖြစ်တာကြောင့်လိုက်ခဲ့ပေးခြင်းပေ။

နေ့ခင်းပိုင်းမှာ ထိုရပ်ဝန်းဆီရောက်သွားပြီး သူမဆီဖုန်းဆက်ခဲ့သည်။

"အေး နန်းရှန်ခမ်း လား ငါပါ။ငါနင်ပြောတဲ့ဆိုင်နားရောက်ပြီ။ဘယ်ကိုဆက်လာရမလဲ။"

"ဟမ်အေး မလာနဲ့တော့ ဟိုကောင်လဲရှိနေတာမို့။ဘာမှမဖြစ်ဘူးငါ​ဖြေရှင်းလိုက်ပါ့မယ်"

"အဆင်ပြေပါ့မလား"

"ပြေပါတယ်"

"အဲ့ဆိုငါဆိုင်တစ်ဆိုင်မှာစောင့်နေမယ် မပြန်သေးဘူး။
တစ်ခုခုဆိုငါ့ကိုလှမ်းခေါ်လိုက်"

"အေးပါဒါဘဲနော်"

သူမကမလာဖို့ပြောသည်မို့ မောင်တို့ ဆိုင်တစ်ဆိုင်မှာထိုင်နေလိုက်ပြီး
လိုင်းပေါ်ကအသိအစ်မတစ်ယောက်နဲ့စကားပြောဖြစ်နေသည်။

"အမောင်ဘာလုပ်"

"ကောင်မလေးကိုလာတွေ့တာ "

"အမောင်တို့ကစွံလှချည်လား"

"မတွေ့ရတော့ဘူးလားမသိပါဘူးအစ်မရယ်"

"ဘာလို့လဲ"

"သူ့အိမ်သွားဖို့ကိုမလာခိုင်းဘူး အမောင့်မှာအဝေးကြီးကနေလာရတာသိလား။"

"အမောင်တို့တွဲတာဘယ်လောက်ကြာပြီလဲ"

"နှစ်ရက်.."

"အမောင်ရယ် နှစ်ရက်ဘဲရှိသေးတာကို အဝေးကြီးထိလာတွေ့စရာလား။"

"ချစ်တာကိုးအစ်မရဲ့"

"သူ့အိမ်နဲ့အဆင်မပြေနိုင်သေးလို့ထင်တယ်ခဏစောင့်ကြည့်လိုက်ပါ"

မပိုင်သည့် ပန်း(completed)Where stories live. Discover now