Part-6

132 2 1
                                    

ညနေခင်းမှာ ခန့်ကျော်နိုင် ရောက်လာခဲ့သည်။

"နန်းရှန် ကိုယ်မင်းကိုလာခေါ်တာ။"

"ကျွန်မရှင့်နောက်ပြန်မလိုက်ဘူးလို့ပြောပြီးပြီနော် ကိုခန့်ကျော်နိုင်"

"ကိုယ်တကယ်တောင်းပန်ပါတယ်။ကိုယ့်နောက်ပြန်လိုက်ခဲ့ပါကွာ။ကိုယ်မှားပါတယ်။ကိုယ်နောင်တရပါပြီ"

"ရှင့်လိုခွေးမြီးကောက် ကျည်တောက်စွပ်က နောင်တရပြီလို့ပြောတာကို ကျွန်မကယုံမယ်ထင်နေတာလား"

"ကိုယ်တကယ်နောင်တရနေတာပါမိန်းမရယ်။မင်းမရှိတော့ကိုယ်ဘယ်လိုမှအဆင်မပြေဘူး။"

"ရှင်နဲ့​ြပန်လိုက်ဖို့လဲ ကျွန်မဘယ်လိုမှအဆင်မပြေဘူး"

"နန်းရှန်!!.. "
ခန့်ကျော်နိုင်အော်လိုက်တော့သူမဖခင်က...

"ဟျောင့်!! မင်းကိုငါ့သမီးကပြန်မပေါင်းနိုင်ဘူးလို့ပြောနေပြီလေ။မင်းလိုကောင်လက်ထဲလဲ ငါက ငါ့သမီးကိုပြန်မထည့်နိုင်ဘူးကွ။"

မာန်ပါပါ ပြောလာသည့် ဦးဇော်ဝင်း ကြောင့် ခန့်ကျော်နိုင်အနည်းငယ်ရှိန်သွားရသည်။

"အဖေ ကျွန်​ေတာ် တကယ်တောင်းပန်ပါတယ်"

"လုပ်ပြီးမှတောင်းပန်တာတော့လူတိုင်းရတယ်ကွ။
ငါ ရှည်ရှည်​ေဝးဝေးမပြောချင်ဘူး မနက်ဖြန်ကွာရှင်းစာချုပ်နဲ့ပြန်လာခဲ့!!"

"ကျနော်..."

"သား​ြပန်မယ်။မင်းမမှားတာကိုအောက်ကျို့ခံတောင်းပန်နေစရာမလိုဘူး။"

ဒေါ်ဝါမြင့် သည်လည်း တင်းမာလာပြီ။ဒေါ်သီရီမြိုင်ကတော့ဝင်မပါပဲ အားနာဟန်နှင့်သာကြည့်နေ၏။

"မာမီ သား သူ့ကိုအဆုံးရှုံးမခံနိုင်ဘူး။သား..  သူ့ကိုချစ်တယ်"

"သူကမှသားကိုမချစ်တော့တာ။မာမီသား
အနေထားနဲ့ သူ့ထက်သာတဲ့သူခါင်းခေါက်ရွေးလို့ရတယ်။သူ့လိုဖောက်ပြန်တဲ့ဟာမကို သားဘက်ကတောင်းပန် စရာမလိုဘူး။"

"ဒါပေမယ့်မာမီ သားသူ့ကို ကိုယ်ထိလက်ရောက်..."

"သားရိုက်တာလဲ သူဖောက်ပြန်လို့လေ။သားမမှားဘူး။မနက်ဖြန်ကျွန်မတို့ ကွာရှင်းဖို့ လူကြီးတွေနဲ့ပြန်လာခဲ့မယ်"

မပိုင်သည့် ပန်း(completed)Where stories live. Discover now