.......
ညကနွေအမောင်အတိတ်ကိုတစ်ခန်းရပ်ပြီး အပြင်ထွက်လာခဲ့သည်။
"ကိုထက်မင်းအောင်"
"ဟုတ်။ညမ မအိပ်သေးဘူးလား"
"ကျွန်မကိုတစ်ခုလောက်ကူညီပါလား"
"ဘာများလဲ"
နွေသေကြောင်းကြံတဲ့သတင်းကို ကိုထက်မင်းအောင်ကိုြဖန့်ခိုင်းလိုက်ခြင်းပင်။အဲ့ဒီနေ့ကနွေမသတ်သေဖြစ်ခဲ့ပါ။နွေရှင်သန်ရမယ်။ သူမအတွက်အကောင်းဆုံးရှင်သန်ရမယ်။
ခွမ်းးး
နွေ မနက်စာအတွက်ချက်ပြုတ်ဖို့ မီးဖိုခန်းထဲဝင်ခဲ့ပြီးမှ စိတ်တွေဟိုရောက်ဒီရောက်နဲ့မို့ လက်ထဲကပန်းကန်လွှတ်ကျသွားခဲ့သည်။
"ညမရရဲ့လား။အဆင်ပြေရဲ့လား"
"ကျွန်မ ကရတယ် ပန်းကန်တော့ကွဲသွားပြီ ကိုထက်မင်းအောင် ကို နွေ တောင်းပန်ပါတယ်နော်"
"အာရပါတယ်။အစ်ကိုဧည့်ခန်းထဲမှာပန်းသီးခွာထားပေးတယ် သွားစားလိုက်နော်။အစ်ကိုဒါကြည့်ရှင်းထားလိုက်မယ်"
"ဟုတ်"
....
မနက်မိုးလင်း ကိုထက်မင်းအောင်သတင်းတင်လိုက်ပြီးတည်းက နေဝင်ချိန်တံတားတွင်လူစည်နေခဲ့သည်။
နွေ ပြတင်းပေါက်ကနေ လှမ်းကြည့်ေနရင်း
တံတားဆီသို့အပြေးလာနေသောအမျိုးသမီး..
သူမကမောင်သိပ်ချစ်ရတဲ့ နန်း
ဖိနပ်တောင်မပါအောင်ပြေးလာခဲ့တာ မောင့်ကိုစိတ်ပူလို့လား။ မောင်ထွက်သွားတာသေချာအောင်လာကြည့်တာလား။
သူမတံတားပေါ်မှာ ေဘးပတ်ဝန်းကျင်ဂရုမစိုက်ဘဲ အသံကုန်ခြစ်ကာအော်ငိုနေတာတွေ့လိုက်ရစဥ် နွေ့ရင်တွေလဲတစ်ဆစ်ဆစ်နာကျင်ရပါသည်။
ဖြစ်နိုင်ရင်အပြေးသွားတာသူမကိုဖက်ထားလိုက်ချင်ပေမယ့် အားလုံးအသိထဲမှာ ေနွအမောင် ဆိုတာ မနေ့ညကသေဆုံးသွားခဲ့ပြီ။
တံတားပေါ်ကကောင်မလေးနဲ့အပြိုင် တိုက်ခန်းပေါ်ကအမျိုးသမီးဟာလဲ ကမ်ဘာပြိုသလိုခိုးငိုနေလေရဲ့။
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...