"နွေ.."
"ကိုထက်.."
"နွေ မနေ့ကနွေ့အိမ်သွားကြည့်ခိုင်းတာ အစ်ကိုသွားကြည့်ဖြစ်တယ်လေ။"
"အွန်းဘာထူးလဲအစ်ကို။"
"ပုံမှန်ပါပဲ။နှစ်တွေလဲကြာနေပြီဆိုတော့ သေသောသူကြာရင်မေ့ဆိုသလိုပေါ့ဗျာ။"
"ဟက်..။
နွေ့ကိုသတိတရ ရှိမယ့်သူ မရှိဘူးဆိုတာ အစောတည်းကထင်သား။""သူတို့စိတ်ထဲမှာရှိမှာပါ။အစ်ကိုကအပြင်ကနေဘဲအကဲခတ်ခဲ့တာဆိုတော့လေ။"
"ထားပါလေ။နွေအမောင် ဆိုတာလွန်ခဲ့တဲ့ရှစ်နှစ်တည်းကသေသွားခဲ့ပြီဘဲ။အခုရှင်သန်နေတာ ကိုထက်ရဲ့ညမ နွေဦးမေ။ ဟုတ်တယ်မလား။"
"ဒါပေါ့။အစ်ကို့ညမလေး။"
သူ နွေ့ခေါင်းလေးကိုအသာလေးပုတ်ကာဆိုမိသည်။
တစ်ကောင်ကြွက်သူက ညမလေးတစ်ယောက် ကောက်ရခဲ့တာလေ။.....
"မောင်ငါ့ကိုနည်းနည်းလောက်လေးအချိန်ပေးလို့ရမလား"
"ဆောရီးပါ ဒေါ်နန်းရှန်ခမ်း။ ကျွန်မမှာ အချိန်မရှိဘူး။ပြီးတော့မောင်လို့ခေါ်တာကိုလဲဆင်ခြင်ပေးပါ။"
"မောင် ငါ့ကိုဘယ်ချိန်ထိနှိပ်စက်နေအုံးမှာလဲ"
"ဟက်!!နှိပ်စက်တယ် ကျွန်မဘယ်လိုများနှိပ်စက်မိလိုက်ပါလိမ့်။"
"မောင် မရွဲ့စမ်းနဲ့ကွာ နန်းတို့ အကောင်းပြောရအောင်"
"ကျွန်မကကောအဆိုးပြောနေလို့လား"
"နွေအမောင်!!"
"ရှင်...ရှင့်...."
ခပ်ဆောင်ဆောင့်လေးခေါ်လာတဲ့သူမကို နွေခပ်ရွဲ့ရွဲ့လေးြပန်ထူးလိုက်သည်။"ငါအဆင်ပြေမနေဘူး။သူနဲ့နေရတာ ငါဘယ်လောက်နာကျင်နေရလဲနင်သိလား။သူငါ့ကိုအချိန်တိုင်းနှိပ်စက်နေတာ"
ချစ်ရသူလေးစကားကြောင့်ရင်မှာကျင်စက်နဲ့တို့ခံလိုက်ရသလိုနာကျင်ရသော်ငှားဟန်မပျက်ထိန်းကာ...
"အဲ့တော့ ကျွန်မကဘာလုပ်ပေးရမှာလဲ။အမျိုးသမီးရေးရာကိုတိုင်ချင်တိုင်။ဒါမှမဟုတ် အိမ်တွင်းအကြမ်းဖက်မှုနဲ့တရားစွဲချင်စွဲပေါ့ ဒါဘဲရှိတာဘဲ။ကျွန်မကကောဘာလုပ်ပေးနိုင်မှာတဲ့လဲ"
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...