Part-20

380 5 0
                                    

တီးတောင်....

နံနက်စောစောစီးစီးဘဲလ်တီးသံကြောင့် နန်းတံခါးနားသွားတာ အသာဖွင့်လိုက်သည်။

တံခါးနောက်ကထွက်ပေါ်လာသည့်အမျိုးသမီးငယ်လေးက သူမကိုသေချာစိုက်ကြည့်နေလေသည်။

ဂုတ်ထောက်လောက်ရှိမည့် ဆံပင်တွေကိုမြှောက်မြှောက်စီးထားပြီး အဖြူရောင် ရှပ်အင်ကျီလက်ရှည်နဲ့စတိုင်ပန်ကိုတွဲဖက်ဝတ်ဆင်ထားသည့်အသက်အစိတ်ဝန်းကျင် အမျိုးသမီးတစ်ဦး။ငွေရောင်ကိုင်းနဲ့ မျက်မှန်အကြည်ရောင်လေးကသူမမျက်နှာရဲ့နေရာတော်တော်များများကိုနေရာယူထားသည်။
မျက်နှာအချိုးအစားအရမောင်နဲ့ဆင်ပေမယ့်....
မဖြစ်နိုင်ပါဘူးဟု ငြင်းဆန်၍..

"ဟုတ်ကဲ့...ဘယ်သူလဲမသိဘူး။"

ထိုအမျိုးသမီးဟာ တစ်ချိန်က သူသိပ်ချစ်ရတဲ့နန်း...။
သူမကလူကြီးဖြစ်လို့နေပြီဘဲ။ခါးလယ်လောက်ရှိမည့်ဆံနွယ်တွေကိုပန်းကလစ်နဲ့ကုတ်တင်ထားလေသည်။
ပေါ့ပေါ့ပါးပါးသာဝတ်စားထားသည့်သူမဟာ အရင်ကဆိုအဝတ်အစားသိပ်ရွေးတတ်သူမဟုတ်လား။
ဖြူဖတ်နေ​ေသာမျက်နှာကိုမြင်ရတာ ကျွန်မဖြင့်စိတ်မချမ်းသာလိုက်တာ။သူမမျက်နှာထက်က အပြုံးတွေဘယ်ဆီများပျောက်ကုန်ပါလိမ့်။

"ကျွန်မက မြန်မာစာဆရာမပါ။ဒီမှာကျူရှင်ပြပေးဖို့ငှားထားလို့ပါရှင့်။"

"အော်.."

ကျွန်မမဲ့ပြုံးလေးပြုံးလိုက်မိသည်။
ကျွန်မကိုနန်းမမှတ်မိဘူးမဟုတ်လား။ဘယ်မှတ်မိနိုင်ပါ့မလဲ တစ်ချိန်က သူမရဲ့မောင်သည်လဲ သိပ်ကိုပြောင်းလဲသွားပြီကိုး။

"ဘယ်သူလဲ.. "

"ဆရာမတဲ့..ရှင် ငှားထားတာလား။"

နောက်က ထွက်ပေါ်လာသည့်​အမျိုးသားကတော့ မောင် အားကျရသူပေါ့။သူကအနက်ရောင် ရှပ်အင်ကျီလက်ရှည်ကိုတစ်တောင်ဆစ်ထိခေါက်တင်ထားပြီး ရင်ညွှန့်ပေါ်သည်အထိ ကြယ်သီးတွေကိုဖြုတ်ထားလေသည်။အမြဲစတိုင်ပန်ဝတ်တတ်သူကခုထိစတိုင်ပန်ဝတ်ရတာကြိုက်တုန်းထင်ပါရဲ့။ပုံစံကြည့်ရတာ ဘိန်းစားရုပ်နဲ့။လက်ထဲမှာလဲသောက်လက်စ အရက်ခွက်လေးကိုင်လို့ တစ်ကိုယ်လုံး အရက်စော်လဲနံလို့ ထောင်းလို့။နန်း အတော်လေးသည်းခံနေရမှာပဲ။

မပိုင်သည့် ပန်း(completed)Where stories live. Discover now