Part-12

188 3 0
                                    


.....
​ေနာက်ရက်တွေမှာမောင် သူမကိုမဆက်သွယ်ဖြစ်ခဲ့​ေပ။သူမနဲ့စကားများခဲ့တာ သင်ကြန်အကြိုနေ့ကမို့ အဲ့နေ့ကတော့အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်ခဲ့။အကျ နေ့မှာတော့အပြင်ထွက်ကာ သူမကိုမေ့ဖျောက်ဖို့ ဘီယာတွေသောက်ရင်း ရေကစားရင်းအပျော်ရှာခဲ့သည်။သို့သော် သူမကိုလွမ်းတဲ့စိတ်ကအကြိမ်ကြိမ်သတ်နေသည်။

အကြတ်နေ့တွင်တော့မောင်အရဲစွန့်ကာ သူမကိုဖုန်းဆက်လိုက်သည်။သူမကလဲအေးဆေးစွာပင်လက်ခံစကားပြောပေးသည်။ မောင်နည်းနည်းသောက်ထားသည်မို့ ရင်ထဲကစကားတွေဖွင့်​ပြောမိလိုက်သည်။
သူမနဲ့သူငယ်ချင်းဆက်လုပ်ဖို့မောင်တောင်းဆိုခဲ့သည်။
သူမကအစတည်းကလုပ်စေချင်နေသည်မို့လက်ခံခဲ့သည်။

မောင်ရယ် နန်းကိုဘာကြောင့်များ မမုန်းနိုင်ရတာလဲ။မနာကျည်းနို်င်ရတာလဲ။မောင့်ဘက်ကလက်မလွှတ်သရွေ့ နန်းလဲပြတ်သားနိုင်မှာမဟုတ်ဘူးမောင်။

"ငါ့လက်ဘာ​ြဖစ်တာလဲမသိပူးပြဲနေတယ်"
နန်းဆိုလိုက်တော့သူကစိတ်ပူစွာပင်။

"ဟင်ဓားရှတာလား"

"မသိဘူးဘာနဲ့ထိမိတာလဲ"

"ဂရုမှမစိုက်တာ
ဘာဖြစ်လဲသတိမထားမိအောင်ထိ
ရှပ်ပြာနေတာလား"

"ကြက်သွန်လှီးတော့​ြဖစ်တာထင်တယ်
ငိုနေတော့ဘာမှမမြင်ရပူးလေ
ဘယ်တုန်းကတည်ငြိမ်နေလို့လဲ"

"ကြက်သွန်လှီးတာငိုတုန်းလား
ငါပြောသလိုမလုပ်ကြည့်ဘူးလား"

"မစားတာကြာတော့ ပီကေမေ့တာဝယ်ဖို့"

"ပီကေမဝါးလဲသူ့မျက်စိတွေအရင်ဖယ်ပစ်လိုက်ရင် မငိုတော့ဘူးလေ"

"ဘယ်မျက်စိလဲ"

"အောက်ဘက်ခြမ်းမှာ ဝါဝါလေးလေ အဲ့ဒါကိုအသွင်းထိ အဝါကုန်အောင်ဖယ်ပြစ်လိုက်"

"အော် ဟီး မသ​ိဘူးလေ"

"အာ့လိုမဟုတ်လဲ မလှီးခင်ရေခဲစိမ်တာဖြစ်ဖြစ် ရေခဲသေတ်တာထဲ​ြဖစ်​ြဖစ်ထည့်ထားလဲရတယ်
ဒါမှမဟုတ် ဖယောင်းတိုင်ထွန်းတာဖြစ်ဖြစ်
မီးဖိုနားကပ်လှီးရင်လဲရတယ်
ဆားပုံလှီးလဲအဆင်ပြေတာဘဲ။
နည်းလမ်းတွေအများ ကြီးရှိတာဘဲ"

မပိုင်သည့် ပန်း(completed)Where stories live. Discover now